ပြင်ဦးလွင် အောက်တိုဘာ ၂၆
ပြင်ဦးလွင်- လားရှိုးကားလမ်းမကြီးအနီးရှိ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS) အား နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်းတစ်ခုအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင်စတင်ဖွင့်လှစ်၍ အနယ်နယ်အရပ်ရပ်မှ လာရောက်လေ့လာအပန်းဖြေသူများဖြင့် စည်ကားများပြားလျက်ရှိသည်။
ယနေ့တွင် ဧည့်သည်ဝင်ရောက်မှု ၂ ဒသမ ၅ သန်းပြည့်မြောက်ခဲ့ပြီး ထိုသို့ပြည့်မြောက်သည့်ဧည့်သည်အား အမှတ်တရဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ဧည့်သည်သည် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ဒေါ်သင်းပပထွန်းဖြစ်ပြီး ဧည့်သည်အား ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း(BE.FALLS)မှ တာဝန်ရှိသူများက အမှတ်တရအဖြစ်လက်ဆောင်ပန်းစည်း၊ ဂုဏ်ပြု Trophy ၊ အပန်းဖြေစခန်းသို့ တစ်နှစ်စာအခမဲ့ဝင်ရောက်ခွင့်(Gold Card)နှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည့်အပြင် ဧည့်သည်နှင့်ပါရှိလာသူများအား အပန်းဖြေစခန်းနှင့်မှန်တံတားဝင်ခွင့်၊ Sky Cable Car စီးနင်းမှုနှင့် ဘာဂီစီးနင်းလည်ပတ်ခြင်းများ အခမဲ့စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
