Skip to main content

ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲရလဒ်များအား အချိန်မီ ထုတ်ပြန်နိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ ၈

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှ စတင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပခဲ့ရာ ညနေပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီး၌ ဆန္ဒမဲလက်မှတ်များကို ရေတွက်လျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မဲဆန္ဒနယ်အသီးသီးမှ ပေးပို့လာသော ဆန္ဒမဲရလဒ်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သွားနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ယနေ့ကျင်းပသည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက “ကျွန်တော်တို့ ဒီနေ့ ၂၀၂၀ ပြည့် နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပ ပြုလုပ်တဲ့အခါ အခု ချိန်မှာဆိုရင် မဲရုံအားလုံးဟာ မဲပေးခြင်းလုပ်ငန်းစဉ် အားလုံးနီးပါးပြီးစီးပြီး မဲရေ တွက်ခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ နေပြည်တော်ရုံးချုပ်က ဝန်ထမ်းတွေဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရုံးချုပ်မှာ အဆင်သင့်ရှိနေ ပါတယ်။ လိုအပ်တဲ့ ပြဿနာ၊ အခက်အခဲတွေ ရှိရင်လည်း အချိန်နဲ့ တစ်ပြေးညီ ဖြေရှင်းနိုင်အောင် ဆောင်ရွက်ထားပါ တယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာ ကြီးကြီးမားမား ထူးထူး ခြားခြား ပြဿနာတွေ၊ သတင်းပို့ချက်တွေ မရှိပါဘူး။ အသေးအဖွဲလိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးရမယ့်အပိုင်း တွေကို ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။ ခြုံငုံပြီးပြောရမယ်ဆိုရင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီးဟာ အောင်မြင် စွာနဲ့ ကျင်းပပြီးစီးနိုင်ခဲ့ ပြီလို့ ခြုံငုံပြီး သုံးသပ်ပြောဆို လိုပါတယ်ဟု ပြောကြား သည်။

ထို့နောက် ရွေးကောက်ပွဲရလဒ်များနှင့် စပ်လျဉ်းပြီး ညွှန်ကြားရေးမှူးချုပ်က “ရလဒ်နဲ့ ပတ်သက်ပြီး အကြမ်း အားဖြင့်ပြောရရင် အခုမဲရုံတွေမှာ မဲတွေကို ရေတွက်နေပါ တယ်။ မဲရလဒ်တွေကို သက်ဆိုင် ရာမြို့နယ်တွေကို စုစည်း ပေးပို့မှာ ဖြစ်ပါတယ်။ မြို့နယ်တွေမှာလည်း ဒီစာရင်း ဇယားတွေကိုချုပ်ပြီး သက်ဆိုင်ရာခရိုင်ကို မိတ္တူ ပေးပို့ ပါတယ်။ အဓိက တိုင်းဒေသကြီးနဲ့ ပြည်နယ်ကော်မရှင် တွေကို ပေးပို့ရမှာ ဖြစ်ပါတယ်။ ပေးပို့တဲ့အခါမှာ ရလဒ် တွေကိုစုစည်းပြီး ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကိုယ်စား လှယ်လောင်း အမည်စာရင်းတွေကို တိုင်းဒေ သကြီး၊ ပြည်နယ်ကနေ အတည်ပြုပေးမှာ ဖြစ်ပါတယ်။ အဲဒါတွေ ပြီးတဲ့နောက် ရုံးချုပ်ကို တစ်ပြိုင် တည်းပေးပို့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရုံးချုပ်က အတည်ပြုပြီးတာနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေက ထုတ်ပြန်ကြေညာပေးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရွေးကောက် ပွဲကော်မရှင် ရုံးချုပ်ကနေလည်း မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြား၊ နိုင်ငံပိုင်သတင်းစာ၊ UEC Website ၊ Facebook ကတစ်ဆင့် မွန်းတည့် ၁၂ နာရီ၊ ညနေ ၄ နာရီနဲ့ ည ၈ နာရီတို့မှာ ရသမျှ သတင်း အချက်အလက်တွေ ရလဒ်တွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ကြေညာပေး သွားမှာ ဖြစ်ပါတယ်ဟု ဆက်လက်ပြောကြားသည်။

သတင်း - ဟန်လင်းနိုင်

ဓာတ်ပုံ - ချက်ကြီး