Skip to main content

ပြည်ပနိုင်ငံတွင်နေထိုင်၍ အကြမ်းဖက်အုပ်စုများနှင့်ဆက်သွယ်ကာ နိုင်ငံတော်ကို ဆန့်ကျင်ပြီး အကြမ်းဖက်အုပ်စုများကို ငွေကြေးထောက်ပံ့မှုပြုလုပ်သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်

နေပြည်တော် အောက်တိုဘာလ ၁၇

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ရောက်ရှိနေထိုင်သည့် သူဇာမောင် (ခ) Rashidah Binti Abdul Azeez သည် မလေးရှားနိုင်ငံ၌ မြန်မာမွတ်စလင်ဒုက္ခသည်များကော်မတီ(Myanmar Muslim Refugee Community-MMRC)ကိုဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ကာ ယင်းအဖွဲ့အစည်းမှ ရရှိသောငွေကြေးအကျိုးအမြတ်များဖြင့် အကြမ်းဖက်အုပ်စုဖြစ်သည့် NUG အဖွဲ့ကို ငွေကြေးထောက်ပံ့ခြင်း၊ NUG အဖွဲ့အတွက် ရန်ပုံငွေရှာဖွေပေးခြင်းများပြုလုပ်ခဲ့သဖြင့် ၎င်းကိုမြစ်သားမြို့နယ်၊ မြစ်သားမြို့မရဲစခန်း၌ (ပ)၁၄၀/၂၀၂၂၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် အမှုဖွင့်ပြီး မြစ်သားမြို့နယ်တရားရုံးသို့ ယင်းဥပဒေပုဒ်မ ၅၂(က)/ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခဲ့ရာ မြို့နယ်တရားရုံးက ရာဇဝတ်အထွေထွေမှုအမှတ် ၉/၂၀၂၃ ဖြင့် လက်ခံစစ်ဆေးပြီး ၃၁-၁-၂၀၂၃ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ဆင့်ခဲ့ပါသည်။

ယခုအခါ သူဇာမောင်၊ ၎င်း၏ခင်ပွန်း စောသန်းတင်ဝင်းနှင့် သားသမီး ၃ ဦးတို့သည် မြန်မာနိုင်ငံအတွင်း တရားမဝင်ပြန်လည်ဝင်ရောက်လာစဉ် ဖမ်းဆီးရမိသဖြင့် စစ်ဆေးဖော်ထုတ်ချက်အရ သူဇာမောင်သည် MMRC အဖွဲ့ကို ဖွဲ့စည်းပြီး UNHCR နှင့် NGO/INGO အဖွဲ့အစည်းများထံမှ အထောက်အပံ့များရရှိရန် ဆောင်ရွက်၍ ရရှိသောအထောက်အပံ့များကို တရားမဝင်ရွှေ့ပြောင်း လုပ်သားများအား MMRC အဖွဲ့မှ ထောက်ပံ့ကြောင်းလိမ်လည်ကာ အဖွဲ့ဝင်များဖြစ်အောင် စည်းရုံးခြင်း၊ အကြောင်းမျိုးမျိုးဖြင့် တရားမဝင်ရောက်ရှိလာသူများကို UNHCR ၏ ဒုက္ခသည်အသိအမှတ်ပြု လက်မှတ်ရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် ရရှိသည့်ငွေကြေးအကျိုးအမြတ်များဖြင့် ၎င်း၏ မိသားစုအကျိုးစီးပွားပြုလုပ်ခြင်း၊ အကြမ်းဖက်အုပ်စုဖြစ်သည့် NUG နှင့် ယင်း၏လက်အောက်ခံများကို ငွေကြေးလှူဒါန်းခြင်း၊ ရန်ပုံငွေရှာဖွေပံ့ပိုးခြင်းများပြုလုပ်ကြောင်း တွေ့ရှိရသည့်အတွက် ၎င်းတို့ကို ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။