Skip to main content

မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် ယူနန်ပြည်နယ် ပရဟိတအဖွဲ့ Yunnan Overseas Chinese Charity Foundation တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ရန်ကုန် အောက်တိုဘာ ၁၄

မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (MACA)နှင့် ယူနန်ပြည်နယ် ပရဟိတအဖွဲ့ဖြစ်သော Yunnan Overseas Chinese Charity Foundation(YOCCF)တို့ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန် လွှာ လက်မှတ်ရေးထိုးခြင်းနှင့် ဂုဏ်ပြုလွှာပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရန်ကင်းမြို့နယ် မိုးကောင်းလမ်းရှိ မြဝတီမီဒီယာ စင်တာ၌ ကျင်းပသည်။

အခမ်းအနားတွင် MACA ဥက္ကဋ္ဌ ဒေါ်အေးသဉ္ဇာသူနှင့် (YOCCF) ဥက္ကဋ္ဌ Mr. XIA Yong ၊ Peking University Cancer Hospital Yunnan Hospital ဥက္ကဋ္ဌ Mr. QIN Jiyong တို့က နှုတ်ခွန်းဆက်စကားများ ပြော ကြားကြသည်။

ထို့နောက် မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက် ရေးအသင်းဥက္ကဋ္ဌနှင့် Yunnan Overseas Chinese Charity Foundation(YOCCF) ဥက္ကဋ္ဌတို့ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးပြီး  မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း ဂုဏ်ထူးဆောင်နာယက ဒါရိုက်တာ ပန်းချီစိုးမိုး၊ ဥက္ကဋ္ဌ ဒေါ်အေးသဉ္ဇာသူတို့က တာဝန်ရှိသူများကို ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ကြသည်။

အဆိုပါ Yunnan Overseas Chinese Charity Foundation သည် အောက်တိုဘာ ၉ ရက်မှ ၁၄ ရက်အထိ ရန်ကုန်မြို့ သင်္ဃန်းကျွန်း စံပြဆေးရုံတွင် နှုတ်ခမ်းကွဲ အာခေါင်ကွဲကလေး ငယ်များကို အခမဲ့ခွဲစိတ်ကုသပေးခဲ့သည်။

မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းသည် နှစ်နိုင်ငံယဉ်ကျေးမှုများ ပိုမိုဖလှယ်နိုင်စေရေးအတွက် မြန်မာနိုင်ငံရှိယဉ်ကျေးမှုပွဲတော်များနှင့် ယူနန်ပြည်နယ်ရှိ ယဉ်ကျေးမှု ပွဲတော်များတွင် အပြန်အလှန် ဖိတ်ကြား၍ အတူတကွ ပါဝင်ဆင်နွှဲနိုင်စေရန် ကြိုးပမ်း ဆောင်ရွက်ခြင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့်အနုပညာနှင့် သက်ဆိုင်သော ကဏ္ဍအသီးသီးမှ ပညာရှင်များနှင့် ယူနန်ပြည်နယ်ရှိ ယဉ်ကျေးမှုနှင့် အနုပညာကဏ္ဍ အသီးသီးမှ ပညာရှင်များအား တွေ့ဆုံစေ၍ အပြန်အလှန်ယဉ်ကျေးမှုများ ဖလှယ်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာနှင့် သက်ဆိုင်သော ကဏ္ဍအသီးသီးမှ ပညာရှင်များနှင့် ယူနန်ပြည်နယ်ရှိ ယဉ်ကျေးမှု အနုပညာကဏ္ဍအသီးသီးမှ ပညာရှင်များကို တွေ့ဆုံစေ၍အပြန် အလှန်ယဉ်ကျေးမှုများဖလှယ်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်ခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း သိရသည်။

 သတင်းစဉ်