နေပြည်တော် အောက်တိုဘာ ၁၃
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသည့် ဒေါ်ခင်မေရီ၊ ဦးသိန်းကိုကို၊ ဦးဝင်းမြင့်၊ ဒေါ်စိုးခက်ခက်တို့ ပါဝင်သည့် အထူးအယူခံ ခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ချင်းတွင်းလမ်းရှိ ဇေယျာသီရိ ခရိုင်တရားရုံး၊ ရုံးခန်းအမှတ် (၁) ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှု အမှတ် ၄/၂၀၂၅ (ရန်ကုန်)၊ ၅/၂၀၂၅ (ပဲခူး) နှင့် တရားမ အထူးအယူခံမှု အမှတ် ၄/၂၀၂၅ (ရန်ကုန်)၊ ၂၆/၂၀၂၅ (ရန်ကုန်)၊ ၂၇/၂၀၂၅ (ဧရာဝတီ)၊ ၂၉/၂၀၂၅ (စစ်ကိုင်း)၊ ၃၀/၂၀၂၅ (ရှမ်း)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၂) မှုနှင့် တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် ရာဇဝတ်အထူးအယူခံမှု အမှတ် ၆/၂၀၂၅ (မွန်)၊ ၇/၂၀၂၅ (မွန်) နှင့် တရားမအထူးအယူခံမှုအမှတ် ၃၁/၂၀၂၅(မန္တလေး)၊ ၃၂/၂၀၂၅ (မန္တလေး)၊ ၃၃/၂၀၂၅ (ကချင်) နှင့် ၃၄/၂၀၂၅(ကချင်)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၂) မှုနှင့် တရားမအထူးအယူခံမှု (၄) မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
သတင်းစဉ်