Skip to main content

မြန်မာ၊ ရုရှားနှင့် ဘယ်လာရုစ် သုံးနိုင်ငံချစ်ကြည်ရေး ရိုးရာတေးဂီတဖျော်ဖြေပွဲ ကျင်းပ

ရန်ကုန် အောက်တိုဘာ ၁၁

မြန်မာ၊ ရုရှားနှင့် ဘယ်လာရုစ်သုံးနိုင်ငံချစ်ကြည်ရေး ရိုးရာတေးဂီတဖျော်ဖြေပွဲကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ်မြို့မကျောင်းရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပသည်။

အဆိုပါဖျော်ဖြေပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr.Alexander Ostrovskiyနှင့် တာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ အနုပညာရှင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အနုပညာဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဦးစွာ ယဉ်ကျေးမှုဖလှယ်မှုမှသည် ချစ်ကြည်ရင်းနှီးမှုများဆီသို့ Video Clip ဖွင့်လှစ်ပြသပြီး ရုရှား- မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr.Alex-ander Ostrovskiyက မိတ်ဆက် စကားပြောကြားကာ ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေမည့် အနုပညာရှင်များနှင့် မိတ်ဆက်ပေးသည်။

ဖျော်ဖြေပွဲတွင် ဘယ်လာရုစ်အနုပညာရှင်များက “ရုရှားနှင့်ဘယ်လာရုစ်- သွေးရင်းအစ်ကို ညီရင်းနှမ တေးသီချင်း၊ Belarus and Myanmar တေးသီချင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ အရုပ်နဲ့လူ ကကြိုးတူ (သူငယ် တော်အက) ရုပ်သေး၊ “ခေါင်းလောင်းသံ” တေးသီချင်း၊ “ဘော်ဒကာတစ်ခွက်နဲ့ နှုတ်ဆက် မယ်” တေးသီချင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အဆိုရှင်စောဒယ်နီရယ်က “ပြုံးတုံ့လှယ်” တေးသီချင်း၊ “မျက်ဝန်း” တေးသီချင်း၊ ရုရှားသံရုံးမှ “လယ်ဘယ်ဒူးရှ်ကာ” အက၊ မြဝတီတေးဂီတအဖွဲ့က “မြန်မာ့ရှုခင်း မြန်မာ့စိတ်ရင်း” တေးသီချင်း၊ “ကျူးလစ် ပန်း” တေးသီချင်း၊ “တို့ရွာနီ” တေးသီချင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ခေတ်(၆)ခေတ်အက၊ “ဪတံစဉ် ကျွန်တော်တံစဉ်” တေးသီချင်း၊ “ကာလင်ကာ”အက၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အဆိုရှင်လဝန်းမေက “မြစ်ရေသွင်သွင်” တေးသီချင်း၊ “မြန်မာ” တေးသီချင်း၊ “သင်္ကြန်” တေးသီချင်း၊ မြဝတီတေးဂီတအဖွဲ့က “ပြည်ထောင်စုကြီး ထာဝရတည်တံ့စေသား” တေးသီချင်း၊ ရုရှားသံရုံးမှ “ရီဗာရောနော့ခ်” တေးသီချင်း၊ “ပုဂံ”တေးသီချင်း၊ “အတူရှိမယ် မြန်မာ” တေးသီချင်း၊ “ကျွန်ုပ်တို့မြန်မာပြည်” တေးသီချင်း၊ “ကာကျူးရှာ” တေးသီချင်း၊ “အမိမြေ” တေးသီချင်း၊ “ပန်းရောင်စုံ” တေးသီချင်းနှင့် “တောင်းဆုခြွေ” တေးသီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ကပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်း ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးတို့အား ဘီလာရုစ်တေးဂီအဖွဲ့ ခေါင်းဆောင် Mr. Alexander Ostrovskiy က ဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။

သတင်းစဉ်