Skip to main content

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချမှု အကောင်အထည်ဖော် ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် UN Agency များ၏ ကဏ္ဍအလိုက် ညှိနှိုင်းမှုသေချာ စေရေးအတွက် နည်းပညာဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းလမ်းညွှန် (ToR) မူကြမ်း ရေးဆွဲနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၆

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ (IDPs) ပြန်လည်နေရာချမှု အကောင်အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင်  UN Agency များ၏ ကဏ္ဍအလိုက် ညှိနှိုင်းမှု သေချာစေရေးအတွက် နည်းပညာဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းလမ်းညွှန် (ToR) မူကြမ်း ရေးဆွဲနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးအား ယနေ့ညနေပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပ သည်။

အစည်းအဝေးသို့ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူး၊ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးရုံးမှ ရုံးအဖွဲ့မှူး (ယာယီ) Mr. Peter Barwick နှင့် UNHCR  ၊ UNOCHA တို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး လုပ်ငန်းလမ်းညွှန်(ToR) မူကြမ်းရေးဆွဲရာတွင် ပါဝင်ရမည့် အချက်များ ထည့်သွင်းရေးဆွဲရေး ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြသည်။

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချမှု အကောင်အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဦးဆောင်၍ ကချင်ဒေသရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီ စောင့်ရှောက်ရေးကော်မတီ(KHCC)အဖွဲ့နှင့် အစည်းအဝေး(၃)ကြိမ် ပြုလုပ်ခဲ့ပြီး မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ၊ ဝိုင်းမော်မြို့နယ် တဘတ်ယန်ကျေးရွာနှင့် နန်ဆန်ယန်ကျေးရွာတို့တွင် ပြန်လည်နေရာချထားရေးလုပ်ငန်းများ  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)