နေပြည်တော် အောက်တိုဘာ ၅
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) နှင့် ရုံးအမှတ် (၃၇) တို့ရှိ ယာယီ အဆောက်အအုံများတွင် နေထိုင်သည့် ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဆန်၊ အသင့်စားခေါက်ဆွဲခြောက်ထုပ်များ၊ အချိုရည်များထောက်ပံ့ပေးအပ်ကာ ဝန်ထမ်းများနှင့်အတူနေထိုင်သည့် အသက် (၈၀) ကျော် ဝန်ထမ်းမိဘများကို သီးခြားထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ယာယီအဆောက်အအုံများတွင် ဝန်ထမ်းများ နေထိုင်လျက် ရှိသည့်အခြေအနေနှင့် ထမင်းချက်ဆောင်များကို ကြည့်ရှုစစ်ဆေးပြီး ယာယီအဆောက်အအုံများ၏ ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ရန်၊ ဝမ်းပျက် ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းမှုများ အလေးထားဆောင် ရွက်ရန်၊ တာဝန်ရှိသူများအနေဖြင့် ကွန်တိန်နာများတွင် နေထိုင်လျက်ရှိသည့် ဝန်ထမ်းများ အပူဒဏ် လျော့နည်းသက်သာစေရေးအတွက် အမိုးများကို အမြန်ပြီးပြတ်အောင်ဆောင်ရွက်ရန်၊ ဝန်ထမ်းများ၏ အုပ်ချုပ်မှုကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် ဈေးကားများ စီစဉ်ဆောင်ရွက်ပေးရန်၊ ဝန်ထမ်းများ၏ သားသမီးများအတွက် ကျောင်း ကြို/ ပို့ယာဉ်များကိုလည်း အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးရန်၊ ယာယီအဆောက်အအုံများတွင် နေထိုင်လျက်ရှိသည့် ဝန်ထမ်းများ၊ ဝန်ထမ်းများ၏ ပစ္စည်းများအတွက် နေ့ညမပြတ် လုံခြုံရေးချထား ဆောင်ရွက်ပေးရန် မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်