နေပြည်တော် အောက်တိုဘာ ၁
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ(၃) ဦးသက်ထွန်းအောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဆောက်လုပ်ရေးအထူးအဖွဲ့(၆)မှ တာဝန်ယူတည်ဆောက်နေသော မြန်မာနိုင်ငံတော်ဗဟိုဘဏ် မန္တလေးဘဏ်ခွဲ အဆောက်အအုံအသစ်တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ သတ်မှတ်အရည်အသွေးစံချိန်စံနှုန်းကိုက်ညီမှုရှိရေး၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရန်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် မန္တလေးဘဏ်ခွဲရှိ ငွေကြေးဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဌာနအလိုက်ရုံးခန်းများနှင့် ငွေစစ်ခန်းများကို ကြည့်ရှုစစ်ဆေးခြင်း၊ အရာထမ်း/အမှုထမ်းများကိုတွေ့ဆုံ၍ ဝန်ထမ်းသက်သာချောင်ချိရေးဆိုင်ရာကိစ္စရပ်များ၊ စည်းကမ်းထိန်းသိမ်းရေးပိုင်း ဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာဆိုင်ရာကိစ္စရပ်များနှင့်လက်ရှိနယ်မြေလုံခြုံရေးအရ သွားလာနေထိုင်မှုများနှင့်ပတ်သက်၍ လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိရေးတို့အား ရှင်းလင်းပြောကြားခြင်း၊ ဌာနအလိုက်လိုအပ်ချက်များဖြည့်ဆည်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်