ရန်ကုန် နိုဝင်ဘာ ၅
ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀) ပြည့်၊ ရာပြည့်သဘင်အား ဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်အငြိမ့်အဖွဲ့များ၏ ဖျော်ဖြေပွဲများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်တင်ဆက်နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ အထူးဂရုပြုပြီး စီစဉ်ဆောင်ရွက် လျက်ရှိသည်။
အဆိုပါ ဖျော်ဖြေတင်ဆက်မှုများကို ရန်ကုန်တက္ကသိုလ် (ကံ့ကော်မြိုင် အငြိမ့်အဖွဲ့) က နိုဝင်ဘာ ၇ ရက်၊ ဒဂုံ တက္ကသိုလ်အငြိမ့်အဖွဲ့က နိုဝင်ဘာ ၁၄ ရက်၊ မန္တလေးတက္ကသိုလ် အငြိမ့် အဖွဲ့က နိုဝင်ဘာ ၂၁ ရက်နှင့် မြိတ်တက္ကသိုလ်အငြိမ့်အဖွဲ့က နိုဝင်ဘာ ၂၈ ရက်တို့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှ ထုတ်လွှင့်သွားမည်ဖြစ်သည်။
ထိုသို့ထုတ်လွှင့်မှုကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် MRTV Facebook Page တို့မှ နိုဝင်ဘာ ၇ ရက်မှစတင်၍ နိုဝင်ဘာ ၂၈ ရက်အထိ အပတ်စဉ် စနေနေ့ ည ၈ နာရီသတင်း အပြီးတွင် ထုတ်လွှင့်မည်ဖြစ်သကဲ့သို့ ယင်းနောက် အပတ်စဉ် ဗုဒ္ဓဟူးနေ့ ည ၈ နာရီ သတင်းအပြီးတွင်လည်း ပြန်လည်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်