Skip to main content

‘‘ပြည်သူ့ကြားက ပြည်သူ့စကား’’ အစီအစဉ် ထုတ်လွှင့်မည်

နေပြည်တော် စက်တင်ဘာ ၂၉

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ ‘‘ပြည်သူ့ကြားက ပြည်သူ့စကား’’ အစီအစဉ်မှ “ဒလန်စွပ်စွဲ လူသတ်နှိပ်စက်နေတဲ့ TNLA၊ PDF အကြမ်းဖက်တွေရဲ့လက်အောက်မှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်များ စတေးခံနေရ” ခေါင်းစဉ်ဖြင့် ၁-၁၀-၂၀၂၅ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “အမြင်မတူ ခံယူချက်မတူရင် လက်နက်မဲ့ပြည်သူကို လက်နက်အားကိုးနဲ့ လိုက်လံသတ်ဖြတ်နေတဲ့ အကြမ်းဖက် PDF” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၈၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ပါကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက် အလက်များကို လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

သတင်းစဉ်