Skip to main content

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၂၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကလောခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကိုလည်းကောင်း တွေ့ဆုံပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးညှိနှိုင်းဆွေးနွေးကြသည်။

ထိုသို့ ဆွေးနွေးကြရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ မဲဆန္ဒနယ်အတွင်းနှင့် မဲဆန္ဒနယ် ပြင်ပကြိုတင်မဲပေးခြင်းဆိုင်ရာများ၊ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရေးနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မဲဆွယ်စည်းရုံးခြင်းနှင့် ရလဒ်ထုတ်ပြန်ခြင်းဆိုင်ရာများ၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ သင်တန်းပေးလေ့ကျင့်ရေးနှင့် လုံခြုံရေးဆိုင်ရာများ၊ ရွေးကောက်ပွဲစောင့်ကြည့်‌လေ့လာခွင့်နှင့် သတင်းရယူခွင့်ဆိုင်ရာများ၊ ဆက်လက်ဆောင်ရွက်ရမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက သက်ဆိုင်ရာဒေသနှင့် မြို့နယ်များအလိုက် ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြကြပြီး ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က သက်ဆိုင်ရာလုပ်ငန်းစဉ်အလိုက် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်