Skip to main content

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဇနီးဒေါက်တာဂျေကော့ဘူတို့ ဧရာရပ်ကွက်ကော်မရှင်ရုံး၌ ကြိုတင်ဆန္ဒမဲပေး

မြစ်ကြီးနား     နိုဝင်ဘာ  ၅

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဇနီး ဒေါက်တာဂျေကော့ဘူတို့သည် ယနေ့ နံနက် (၁၀)နာရီတွင် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ဧရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း ကြိုတင်မဲပေးမည့် နေရာ၌ မဲလက်မှတ်ထုတ်ယူခြင်း၊ လျှို့ဝှက်ဆန္ဒမဲပေးခြင်းနှင့် ကြိုတင်ဆန္ဒမဲပုံးသို့ ဆန္ဒမဲ‌‌ပေးခြင်းလုပ်ငန်းတို့ကို ကိုဗစ် - ၁၉ ကာကွယ်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စံလုပ်ငန်းလမ်းညွှန်ချက် များနှင့်အညီ မဲပေးခဲ့ကြသည်။

မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)