Skip to main content

သင်္ဃန်းကျွန်းနှင့် ကျိုင်းတုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော် စက်တင်ဘာ ၂၄

သင်္ဃန်းကျွန်းနှင့် ကျိုင်းတုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီမိနစ် ၂၀ တွင် သတင်းအရ သင်္ဃန်းကျွန်းမြို့နယ် (၂၉) ရပ်ကွက် ပေါ်ဆန်းမွှေးလမ်းတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၁၀၇) ရပ်ကွက်နေ စောဝင်း (ခ) စိုးဝင်း (၃၆) နှစ် မောင်းနှင်ပြီး ဒေါပုံမြို့နယ် ပုသိမ်မြေရပ်ကွက်နေ ဇော်မင်းသူ (၃၅) နှစ် လိုက်ပါလာသော Probox ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၇၀၀၀၀ (ဒေသ တန်ဖိုးငွေကျပ် သိန်း ၂၇၀၀) အားလည်းကောင်း၊ အလားတူ စက်တင်ဘာ ၂၃ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကျိုင်းတုံမြို့နယ် ယန်းလောကျေးရွာအုပ်စု ကျိုင်းဖောင်းကျေးရွာအနီးတွင် မိုင်းပျဉ်းမြို့မှ ကျိုင်းတုံမြို့သို့ တုံတာမြို့နယ် ပန်မတ်ကျေးရွာနေ ရဲလင်းထိုက် (၃၅) နှစ် မောင်းနှင်ပြီး တုံတာမြို့နယ် ပန်ပြင်ကျေးရွာနေ ကျလားရှဲ (ခ) ကျလား လိုက်ပါလာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ (ဒေသ တန်ဖိုးငွေကျပ် ၅၆ သိန်း) အားလည်းကောင်း သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်