Skip to main content

တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံးပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင် ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၂၁

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

နေပြည်တော်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၂ ရက်နှင့် ၁၄ ရက်တို့တွင် လယ်ဝေးမြို့နယ်အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တစ်စီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၈ ရက်တွင် ဘားအံမြို့ သာယာကုန်းကျေးရွာအနီး ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၃၈ မျိုး၊ စားသောက်ကုန်ပစ္စည်း လေးမျိုး၊ လူသုံးကုန် ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၀၆၅၄၀၀၀) ကိုလည်းကောင်း၊ ဘားအံမြို့ အိန္ဒု ကျေးရွာ ရွှေသရက်ပင်ကြီးစားသောက်ဆိုင်ရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံး ပစ္စည်း ၂၇ မျိုး၊ လူသုံးကုန်ပစ္စည်း ၂၂ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁၉၁၀၆၅၀၀)ကိုလည်းကောင်း၊ ဘားအံမြို့ ထီးပို့ကလို့ကျေးရွာအနီးရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၄ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၃၉၂၇၄၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၅၃၆၈၇၉၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၆ ရက်တွင် ဘုရားကြီးမြို့နယ်အတွင်း၌ တရားမဝင် သစ်မာ ၀ ဒသမ ၈၃၅တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၆၇၉၃၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၇ ရက်တွင် မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်ရှစ်စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၆ ရက်တွင် ရပ်စောက်မြို့နယ် ကောင်းဘို့ကျေးရွာအနီး၌ မော်တော်ယာဉ် ၂၂ စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၆၉၁မျိုး၊ လုပ်ငန်းသုံးပစ္စည်း ၄၅ မျိုး၊ စားသောက်ကုန်ပစ္စည်း ၄၅ မျိုး၊ စိုက်ပျိုးရေးသုံးပစ္စည်း ကိုးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၅၆၄၄၅၀၉၂) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck ၁၀ စီး၊ Nissan Diesel Truck ခြောက်စီး၊ Hino Profia Truck လေးစီး၊ Mitsubishi Canter Truck နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၄၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ရွာငံမြို့နယ် မြို့ကြီးကျေးရွာအနီး၌ မော်တော်ယာဉ် ၁၃ စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ၁၃၄ မျိုး၊ လုပ်ငန်းသုံးပစ္စည်း ၂၇ မျိုး၊ လူသုံးကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၈၈၉၆၆၉၉) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Charm Truck တစ်စီး၊ Nissan Diesel Truck တစ်စီး၊ Hino Profia Truck တစ်စီး၊ Doh Shwe Myanmar Truck တစ်စီး၊ Mitsubishi Fuso Truck တစ်စီး၊ Dong Feng Tractor Head သုံးစီး၊ Man Tractor Head တစ်စီး၊ Howo Sino Tractor Head တစ်စီး၊ Nissan UD Tractor Head တစ်စီး၊ Gemlyon Tractor Head တစ်စီး၊ Cheng Long Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် ၁၀  တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၉၅၀၀၀၀၀၀) ကိုလည်းကောင်း၊ စက်တင်ဘာ ၁၇ ရက်တွင် ပင်လုံမြို့ ရပ်ကွက် (၂) ရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀) ကိုလည်းကောင်း၊ စက်တင်ဘာ ၁၈ ရက်တွင် ပင်လုံ-လဲချားသွားကားလမ်း၊ မိုင်တိုင်အမှတ် (၂/၁)နှင့် (၃/၀)အနီး၌ မော်တော်ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၂၅၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀)ကိုလည်းကောင်း၊ ဟိုပုံးမြို့နယ်အတွင်း၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၉၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan AD Van တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၀၃၂၅၆၇၉၁)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၉ ရက်တွင် ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်‌တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင် ကျွန်းသစ် ၀ ဒသမ ၃၁၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၂၅၂၀၀) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Toyota Hiace Mini Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၀၀၀၀၀၀) ကိုလည်းကောင်း၊ လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၆၂၅၂၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၃၆ မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၈၄၄၃၃၇၈၂၇) ကို ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများသည် အဓိကအဟန့်အတား ဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာဆိုးကျိုးသက်ရောက်ခြင်းများကြောင့် ၎င်းတရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန် ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်