နေပြည်တော် နိုဝင်ဘာ ၃
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံ တာဝန်ကျ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ဖြန့်ဝေပေးမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသောပစ္စည်းများ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့သို့ ယနေ့တွင် အထူးလေယာဉ် များဖြင့် ဆက်လက် ရောက်ရှိသည်။
ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အထူးလေယာဉ်ခုနစ်ခေါက် ၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သုံးခေါက် ရောက်ရှိသည်။
ယနေ့ ရောက်ရှိသောပစ္စည်းများမှာ KN95 Mask များ၊ Boots များနှင့် PPE Medical Protective clothing များ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်