နေပြည်တော် စက်တင်ဘာ ၁၉
၂၀၂၅ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက (အမျိုးသား/အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အသင်းလိုက် ဆုရရှိကြသူများ၊ တစ်ဦးချင်းဆုရရှိသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဒိုင်းဆုရရှိသော ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု (အမျိုးသား) အသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု (အမျိုးသမီး) အသင်းတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကိုယ်စား) တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုများနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ၂၀၂၅ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၀ သင်းနှင့် အမျိုးသမီးအသင်း ကိုးသင်းတို့ဖြင့် စက်တင်ဘာ ၃ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်