Skip to main content

တရုတ်နိုင်ငံ ပေကျင်းမြို့တွင်  အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ Omnimedia သတင်းမီဒီယာ အယ်ဒီတာများနှင့် စာနယ်ဇင်းသမားများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ပေကျင်း စက်တင်ဘာ ၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM) မှ ကြီးမှူး၍ CICG Institute ၏ ထောက်ပံ့ကူညီမှုဖြင့် ကျင်းပသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ Omnimedia သတင်းမီဒီယာ အယ်ဒီတာများနှင့် စာနယ်ဇင်းသမားများ တွေ့ဆုံဆွေးနွေးပွဲ  ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက် ၊ နံနက် ၉နာရီခွဲက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ Beijing ZIYU ဟိုတယ်၌ ကျင်းပခဲ့ကြောင်းသိရသည်။ 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသည် တရုတ်နိုင်ငံနှင့် ဒေသတွင်းအာဆီယံနိုင်ငံများအကြား မီဒီယာနှင့် ဆက်နွှယ်သော နယ်ပယ်ကဏ္ဍအသီးသီးတွင် ယဉ်ကျေးမှုနှင့် ချစ်ကြည်ရင်းနှီးမှုများ၊ ပူးပေါင်းဆောင် ရွက်မှုများကို မြှင့်တင်ရန်နှင့် အပြန်အလှန်ဆွေးနွေးခြင်းများမှတစ်ဆင့် ဒေသတွင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးကို မြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်းသိရသည်။

စက်တင်ဘာလ ၉ ရက်နေ့မှ ၂၈ ရက်နေ့အထိ တရုတ်နိုင်ငံ ပေကျင်းမြို့တွင်ကျင်းပမည့် "Seminar for Omnimedia Editors and Journalists from ASEAN Countries" ဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပညာရှင်များ၏ ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးပွဲ (၁၁) ခုကျင်းပခြင်းနှင့်ယဉ်ကျေးမှု အတွေ့အကြုံများ ဖလှယ်နိုင်ရေး အထင်ကရနေရာများသို့ လေ့လာရေးခရီးစဉ်များသွားရောက်မည့် အစီအစဉ်များပါဝင်ပြီး အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၅ ဦး အပါအဝင် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် ၂၅ ဦး ပါဝင်တက်ရောက်လျက်ရှိကြောင်း သိရသည်။

(ဖြူလူသစ်)