Skip to main content

မန္တလေးငလျင်ကြီးကြောင့် ကလောမြို့နယ်အတွင်း လုံးဝပြိုကျပျက်စီးခဲ့သည့် နေအိမ်များနှင့် တစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးနေအိမ်များအား ထောက်ပံ့ငွေပေးအပ်

ကလော စက်တင်ဘာ ၉

မန္တလေးငလျင်ကြီးကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်တွင် လုံးဝပြိုကျပျက်စီးခဲ့သည့် နေအိမ်များနှင့် တစ်စိတ်တစ်ပိုင်းပြိုကျပျက်စီးနေအိမ်များကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ရာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ ငလျင်ဘေးသင့်ပြည်သူများ တက်ရောက်သည်။

ဦးစွာ ကလောမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး မန္တလေးငလျင်ကြီးကြောင့် ကလောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ လုံးဝပြိုကျပျက်စီးခဲ့သည့် ဝါးထရံကာ နေအိမ်တစ်လုံးအတွက် ငွေကျပ်သိန်း ၂၀၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်တစ်လုံးလျှင် ၆ ဒသမ ၆၆၆ သိန်းကျပ်နှုန်းဖြင့် နေအိမ်ခုနစ်လုံးအတွက် ထောက်ပံ့ ငွေကျပ် ၄၆ ဒသမ ၆၆၂ သိန်း၊ တစ်ထပ်ပျဉ်ထောင် အိမ်တစ်လုံးလျှင် ၃၃ ဒသမ ၃၃၇ သိန်းနှင့် နှစ်ထပ်ပျဉ်ထောင်အိမ်တစ်လုံးလျှင် သိန်း ၆၀ နှုန်းဖြင့် နေအိမ်နှစ်လုံးအတွက် သိန်း ၁၂၀ စုစုပေါင်း ငွေကျပ် ၂၁၉ ဒသမ ၉၉၉ သိန်းကို ကလောမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကျော်ဝင်း (ကလော)