Skip to main content

World Cities Day (2020) ကို ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၃၀

အောက်တိုဘာ (၃၁)ရက်တွင် ကျရောက်မည့် World Cities Day (2020) အခမ်းအနားကို ကမ္ဘာတစ်ဝန်းတွင် Event ပေါင်း(၅၀၀)ကျော်ဖြင့် Online မှ ကျင်းပမည် ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ World Cities Day ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် UN – Habitat တို့ ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်အဖြစ် Virtual Event ကို  ယနေ့ မွန်းလွဲ ၂ နာရီတွင် Online ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က        ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် UN – Habitat တို့အတူတကွ လက်တွဲဆောင်ရွက်လာ ကြသည်မှာ (၁၀) စုနှစ်တစ်စုကြာ ကြာမြင့်ခဲ့ ပြီဖြစ်ပါကြောင်း ၊ မြန်မာနိုင်ငံတွင် ကောင်းမွန်သော မြို့ပြများ တည်ဆောက်ကြရန် ရှေ့ဆက် အတူ တကွ လက်တွဲသွားကြမည်ဖြစ်ပါကြောင်း ၊ ယခု ကျင်းပသည့် world cities day of 2020 မှာ  အားလုံးပါဝင်ပေါင်းစပ်ထားသော ကောင်းမွန်သော ပတ်ဝန်းကျင်ရှိ၍ ရေရှည်တည်တံ့ရှိသော မြို့ ကြီးများကို တည်ဆောက်သွားရန်  မိမိတို့၏  ကတိ ကဝတ်တစ်ခုအဖြစ်လည်း  ထင်ဟပ်ပါကြောင်း  ။

 လက်ရှိတွင်မြန်မာနိုင်ငံနှင့် ပြည်သူပြည်သားများသည် ကိုဗစ်-၁၉ ကပ်ရောဂါကို ကြံ့ကြံ့ခိုင် ၍ တွန်းလှန်တိုက်ထုတ်နေချိန်တွင် အကျိုးသက်ဆိုင်ဆက်စပ်နေသူများ ၊ လူမှုအဖွဲ့အစည်းများ ၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ယခုပစ္စုပ္ပန်နှင့် အနာဂတ်တွင် ကြံ့ကြံ့ခိုင်မှုရှိသည့် မြို့ရွာ များတည်ဆောက်ရန် စုပေါင်းကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း ၊ ယနေ့ခေတ်တွင် မြို့ကြီးများသည် မြို့ပြများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် မောင်းနှင်သူများ ဖြစ်ပါကြောင်း ၊ မြို့ကြီးများသည် ဒီမိုကရေစီစနစ် ၊ ဆန်းသစ်တီထွင်မှု ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၊ ယဉ်ကျေးမှုတို့၏ ဗဟို ချက်မများ ဖြစ်လာပါကြောင်း။

မြို့ပြလူနေမှုဘဝများတွင် အဓိကထိခိုက်ခံစားကြရသူများမှာ မြို့ပြနေအခြေခံလူတန်းစား များနှင့် ထိခိုက်လွယ်သည့် အုပ်စုများဖြစ်ကြကြောင်းကို ယခင်နှစ်ကာလအတွင်း ထင်ရှားစွာပေါ်လွင် စေခဲ့ပါကြောင်း ၊ ယနေ့ the world cities day ၏ ဆောင်ပုဒ်သည် တရားမဝင် အခြေချနေထိုင်သူ များအား သုံးသပ်ကြခြင်း “Reflecting on Informal Settlements” ဖြစ်ပါကြောင်း၊ တရားမဝင် အခြေချနေထိုင်သူများ အပါအဝင် အားလုံးအတွက် အိမ်ရာအရေးကိစ္စများကို ဆွေးနွေးကြမှာ ဖြစ်ပါ ကြောင်း ၊ အားလုံးပါဝင် ပေါင်းစပ်ထားပြီး ရေရှည်တည်တံ့သော မြို့ပြများ အနာဂတ်တွင် ပေါ်ထွန်း လာစေရန် ရည်သန်၍  ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် များစွာသော မိတ်ဘက်အဖွဲ့အစည်း များနှင့် အတူတကွ လက်တွဲဆောင်ရွက်ခဲ့ပါကြောင်း ။

စီးပွားရေး ၊ လူမှုရေးနှင့် နေရာဒေသ အလိုက် ဖွံ့ဖြိုးတိုးတက်မှုတွေကို ပေါင်းစည်းပေးမည့် အားလုံးပါဝင်သော မြို့ပြများ ဖြစ်ထွန်းလာစေရန် ရည်သန်၍ မူဝါဒများကို ရေးဆွဲချမှတ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ၊ ဒေသများ အချိတ်အဆက်မိ၍ ညီညွတ်မျှတသည့် နိုင်ငံတစ်ခု ဖြစ်လာစေရန် မျှော်မှန်း၍ မြို့ပြဒေသတွင်သာမက ကျေးလက်ဒေသကိုပါ အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း ။

အိမ်ရာကဏ္ဍသည်လည်း အဓိက အချက်တစ်ခု အဖြစ် ပါဝင်သော အမျိုးသားမြို့ပြမူဝါဒကို UN–Habitat နှင့်ပူးပေါင်း၍ ရေးဆွဲချမှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း ၊ အမျိုးသား မြို့ပြ မူဝါဒသည် တရားမဝင်အခြေချနေထိုင်မှုများ ၊ မြို့ပြနေအခြေခံလူတန်းစားများ၏ အိမ်ရာ လိုအပ် ချက်များကို ထင်ရှားစွာ ဖော်ပြထားပါကြောင်း ။

UN – Habitat ၏ နည်းပညာ အကူအညီဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ထိခိုက်လွယ်မှုအရှိဆုံး အခြေခံလူတန်းစား အိမ်ထောင်စုများကိုအိမ်ရာများ ဆောက်လုပ်ပေးနိုင်ခဲ့ပါကြောင်း ၊ ယခုနှစ်တွင်

မြန်မာနိုင်ငံအစိုးရအနေဖြင့် အများပြည်သူဆိုင်ရာ အငှားအိမ်ရာစီမံကိန်းကို စတင်အကောင် အထည် ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၁၇၁)ဧက အကျယ်အဝန်းရှိ၍ အိမ်ခန်း ယူနစ်ပေါင်း (၅၀၇၂) ပါဝင်သည့်အဆိုပါ စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ အကူအညီဖြင့် စီမံခန့်ခွဲ လျက်ရှိပါ ကြောင်း ၊ အခြားတိုင်းများနှင့်ပေါင်းစပ်လျက် အိမ်ခန်းယူနစ်ပေါင်း (၁၀၀၀၀) ရှိပါကြောင်း။

၂၀၁၉ ခုနှစ်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနနှင့် UN–Habitat တို့ပူးပေါင်း၍ ရန်ကုန်ရှိ တရားမဝင် အခြေချနေထိုင်မှုများ၏ ပြဿနာများကိုဖြေရှင်းရန်အတွက် (၂)ရက်ကြာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကိုလဲ ကျင်းပခဲ့ပါကြောင်း ၊ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် များ (UN Sustainable Development Goals ) နှင့် New Urban Agenda ပါ ဦးစားပေး အချက်များ နှင့်လည်း ကိုက်ညီမှုရှိပါကြောင်း ၊ အဓိကကတိကဝတ်ဖြစ်သော မည်သူမျှ ကျန်ရစ်မှု မရှိစေရေး “leaving no one behind”အတွက် အတူတကွ လက်တွဲဆောင်ရွက်ကြရန် အကျိုးသက်ဆိုင်သူများ အားလုံးကို တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် Secretary General Mr.Antonio Guterres ၏  World Cities Day 2020 Video message ကို Video Clip ဖြင့် ပြသပြီး UN – Habitat Myanmar မှ Country Programme Manager Mr . Bijay Karmacharya မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ယင်းနောက် French Agency for Development မှ Country Director Ms. Marie Cecile Thirion က အမှာစကားပြောကြားသည်။

ယင်းနောက် စာတမ်းရှင်များ ၊ ပညာရှင်များဖြစ်ကြသည့် UN – Habitat မှ Field Programme Manager ,  Mr. Vishnu Prasad မှ “Housing for All & the New Urban Agenda” ခေါင်းစဉ်ဖြင့် စာတမ်းကို ဖတ်ကြားသည်။

ထို့နောက် Green  Lotus မှ Country  Director , Mr. Thibaut Bara က “Informal Settlements in Myanmar : Current dynamics and new strategies” ခေါင်းစဉ်ဖြင့် စာတမ်းကိုလည်းကောင်း ၊ Danish Institute for International Studies မှ Senior Researcher , Ms. Helene  Maria  Kyed  က  “ Informal  Settlements  and  Migrant  Challenges  in  

Yangon ” ခေါင်းစဉ်ဖြင့်  စာတမ်းကိုလည်းကောင်း ၊ Post–Doctoral Fellow , Ms. Elizabeth Rhoads မှ “Housing Lessons from the Past: Urban Planning , Evictions  and  Alternatives in Yangon” ခေါင်းစဉ်ဖြင့် စာတမ်းကိုလည်းကောင်း ဖတ်ကြားဆွေးနွေးကြသည်။

ယင်းနောက် စာတမ်းရှင်များ ၊ ပညာရှင်များက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက်ဆွေးနွေးချက် များအပေါ် တက်ရောက်လာသူများက  သိရှိလိုသည်များကို မေးမြန်းခြင်း ၊   စာတမ်းရှင်များက

ပြန်လည်ဖြေကြား၍ အပြန်အလှန်အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)