နေပြည်တော် ဩဂုတ် ၂၇
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)မှ ဌာနေကိုယ်စားလှယ် မစ္စတာအားနော့ ဒီဘေ့ခ်နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ICRC က ဆောင်ရွက်လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး ကိစ္စရပ်များ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ မန္တလေးငလျင်ကြီးပြန်လည်ထူထောင်ရေးကာလတွင် ICRC အနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ၂၀၂၅ ခုနှစ်အတွင်း ICRC က ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ICRC မှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်