Skip to main content

ဒုတိယဝန်ကြီး ဦးရဲတင့် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဂျီတီစီပုံနှိပ်စက်ရုံ ကြည့်ရှုစစ်ဆေး

ရန်ကုန် ဩဂုတ် ၂၇

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဂျီတီစီပုံနှိပ်စက်ရုံသို့ ရောက်ရှိပြီး ကုန်ကြမ်းများ သိုလှောင်ထားရှိမှု၊ ပုံနှိပ်စက်များ ကြံ့ခိုင်ရေးဆောင်ရွက်နေမှု၊ ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် အင်းစိန်မြို့နယ်ရှိ ဂျီတီစီပုံနှိပ်စက်ရုံ၊ စာပေပုံနှိပ်စက်ရုံနှင့် အောင်ဆန်းပုံနှိပ်စက်ရုံတို့မှ စက်ရုံမှူးများနှင့် အရာထမ်းများအားတွေ့ဆုံ၍ ကုန်ကြမ်းပစ္စည်းများ စနစ်တကျထားသို၊ ထုတ်ယူအသုံးပြုရေး၊ ပုံနှိပ်ထုတ်လုပ်မှုလုပ်ငန်းများ အရည်အသွေးကောင်းမွန်ရေးနှင့် အချိန်မီပြီးစီးရေး၊ စက်ပစ္စည်းများပျက်စီးမှုမရှိအောင် ထိန်းသိမ်းကိုင်တွယ်ဆောင်ရွက်ရေး၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေးနှင့် မဲပေးခွင့်ရှိသူ ဝန်ထမ်းနှင့်မိသားစုများ မဲပေးနိုင်ရေး၊ လုံခြုံရေးအလေးထားဆောင်ရွက်ရေးနှင့် ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းပီသစွာ ဝန်ထမ်းသစ္စာအဓိဋ္ဌာန် ၆ ချက်နှင့်အညီ ကြိုးစားနေထိုင်ပြီး ဝန်ထမ်းကောင်းများဖြစ်အောင် အသိပညာပေး လေ့ကျင့်ပေးကြရန်မှာကြားခဲ့သည်။

သတင်းစဉ်