Skip to main content

နေရောင်ခြည်စွမ်းအင်နည်းပညာ လက်တွေ့အသုံးချသင်တန်း သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၂၆

ရန်ကုန်မြို့ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနက ဖွင့်လှစ်ပို့ချသည့် အမှတ်စဉ် (၂၄) နေရောင်ခြည်စွမ်းအင်နည်းပညာ လက်တွေ့အသုံးချသင်တန်း သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါဦးစီးဌာန၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းဆရာ ဆရာမ များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ပေးအပ်ချီးမြှင့်

အခမ်းအနားတွင် ဒုတိယဝန်ကြီးက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း (၂၀၂၂)ရလဒ် အနေဖြင့် Solar Energy Exhibition and Training Center ကို တည်ထောင်နိုင်ခဲ့ပြီး သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနအနေဖြင့် ပြန်ပြည့်မြဲစွမ်းအင် နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလတိုသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်းပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ သင်တန်းတက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသား သင်တန်းသူများထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

သတင်းစဉ်