နေပြည်တော် ဩဂုတ်၂၆
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund- UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်
တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် UNFPA မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ် (Work Plan) ဆက်လက်သက်တမ်းတိုးမြှင့်ဆောင်ရွက်မည့် အစီအစဉ်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် UNFPA တို့အကြား သဘောတူညှိနှိုင်းထားသည့် အကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ နိုင်ငံတကာအကူအညီ အထောက်အပံ့များ အကျိုးရှိထိရောက်စေရေး စီမံဆောင်ရွက်မှုများကို အလေးထားဆောင်ရွက်ရန် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ UNFPA ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်