Skip to main content

မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၂၆

မြန်မာ့အနာဂတ် မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် -၂၀၂၅ (Future Front Myanmar : Youth Strategy Forum-2025) အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာ ဗျူဟာဖိုရမ်-၂၀၂၅ ဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပမည့် အစီအစဉ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးများက ထူးချွန်လူငယ်ကိုယ်စားလှယ် ရွေးချယ်ထားရှိမှုကိုလည်း ကောင်း ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

လူငယ်မဟာ ဗျူဟာဖိုရမ်တွင် အိန္ဒိယနိုင်ငံမှ မဟာဗျူဟာလေ့လာသုံးသပ်သူ Mr. Atul Aneja က ကမ္ဘာလုံးဆိုင်ရာ ပထဝီရှုခင်းရှုကွက်များကို နားလည် ခြင်း၊ ပြောင်းလဲနေသောကမ္ဘာနှင့် မြန်မာ-ပထဝီနိုင်ငံရေး၊ မြန်မာ-ပထဝီနိုင်ငံရေးနှင့် ဗဟုဝင်ရိုး ကမ္ဘာခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဆွစ်ဇာလန်နိုင်ငံ SUPDI မှ တွဲဖက်ပါမောက္ခ Mr. Lorenzo က မြန်မာနိုင်ငံနှင့် ပထဝီစီးပွားရေးမဟာဗျူဟာ၊ ပြောင်းလဲနေသော ကမ္ဘာနှင့် မြန်မာ-ပထဝီ စီးပွားရေး၊ မြန်မာ-ပထဝီ စီးပွားရေးနှင့် ဗဟုဝင်ရိုးကမ္ဘာခေါင်းစဉ်များဖြင့်လည်းကောင်း၊ အနာဂတ်ပညာရေးနှင့် ကျွမ်းကျင်မှု၊ စီးပွားရေးအခွင့်အလမ်းများနှင့် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းများ၊ နိုင်ငံသားပူးပေါင်းပါဝင်မှုနှင့် လူငယ်ခေါင်းဆောင်မှု၊ ရေရှည်တည်တံ့မှုနှင့် ရာသီဥတုဆိုင်ရာ အရေးယူဆောင်ရွက်မှု၊ ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှုနှင့် ယဉ်ကျေးမှုတိုးမြှင့်ခြင်း စသည့်ခေါင်းစဉ်များကို အဖွဲ့လိုက်ဆွေးနွေးခြင်း၊ ကမ္ဘာ့ကဖေးပုံစံဆွေးနွေးခြင်း၊ Icebreaker Activity / Energizer Quiz ပုံစံဆွေးနွေးခြင်းနှင့် အနှစ်ချုပ်ဆွေးနွေးခြင်းများဖြင့်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်