Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ်အား လက်ခံတွေ့ဆုံ

နေပြည်တော် ဩဂုတ် ၂၆

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာအဘ်ဟေးတာကူးရ်အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယနိုင်ငံတို့အကြား နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်မှု၊ နယ်စပ်လုံခြုံရေး၊ နယ်နိမိတ်ရေးရာကိစ္စရပ်များနှင့် ငလျင်ဘေးပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အိန္ဒိယနိုင်ငံမှ ဆက်လက်ပံ့ပိုးကူညီသွားမည့်အခြေအနေတို့အပေါ် ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြကြောင်း သိရသည်။                            

သတင်းစဉ်