Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ကော်မရှင်ရုံးခွဲ (ရန်ကုန်) ရှိ ဝန်ထမ်းများအား တွေ့ဆုံ

နေပြည်တော် ဩဂုတ် ၂၅

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးသည် ယနေ့တွင် ကော်မရှင်ရုံးခွဲ (ရန်ကုန်) ရှိ အစည်းအဝေးခန်းမ ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိလိုက်စားမှုကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် ဝန်ကြီးဌာန/အဖွဲ့အစည်း ၃၈ ခု၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုတို့တွင် CPU အဖွဲ့များကို ဖွဲ့စည်းဆောင် ရွက်ထားရှိပြီးဖြစ်ကြောင်း၊ အဂတိလိုက်စားမှုအသိပညာပေးခြင်းဆိုင်ရာ မူလတန်းအဆင့်၊ အလယ် တန်းအဆင့်၊ အထက်တန်းအဆင့်နှင့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များကို ပြုစုထားရှိပြီးဖြစ်ကြောင်း၊ ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် မိမိတို့ဝန်ထမ်းများအနေဖြင့် အရည်အချင်း၊ အရည်အသွေးပြည့်ဝနေအောင် အမြဲတမ်းဖြည့်ဆည်းနေရန်လိုကြောင်း၊ မိမိအလုပ်ကိုတန်ဖိုးထား၍ ကြိုးစားလုပ်ဆောင်ရန် ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်သွားကြရန် လိုကြောင်းမှာကြားသည်။

ထို့နောက် ရုံးခွဲတာဝန်ခံ ညွှန်ကြားရေးမှူးက လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ တင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားပြီး ရုံးခွဲအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်