နေပြည်တော် ဩဂုတ် ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဦးမြင့်ဆွေသည် ဩဂုတ် ၇ ရက်တွင်ကွယ်လွန်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်ကို ရန်ကုန်မြို့၊ စကားဝါလမ်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဩဂုတ် ၈ ရက်မှစတင်၍ ဖွင့်လှစ်ထားရာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက ဝမ်းနည်းကြောင်း လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။
ယနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ သံရုံးအကြီးအကဲများဖြစ်သည့် နီပေါသံအမတ်ကြီး H.E. Mr. Harishchandra Ghimire ၊ ထိုင်းသံအမတ်ကြီး H.E. Mr. Mogkol Visitstump၊ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Dr. Md. Monwar Hossain ၊ ဘရာဇီးသံအမတ်ကြီး H.E. Mr. Gustavo Rocha de Menezes ၊ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur ၊ ယူအေအီးသံအမတ်ကြီး H.E. Mr. Mutaz Abdullah Abduljaleel Mohamed Al Faheem ၊ တရုတ်သံအမတ်ကြီး H.E. Ms. Ma Jia၊ ကမ္ဘောဒီးယား သံအမတ်ကြီး H.E. Mr. CHENG Manith ၊ လာအိုသံအမတ်ကြီး H.E. Mr. Bounphieng CHANTHAVONG နှင့် အစ္စရေးသံရုံးယာယီတာဝန်ခံ Mrs. Ruth Zakh ၊ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံ Mr. Olandino Rui de Andrade နှင့် ဟိုလီဆီးသံရုံး ယာယီတာဝန်ခံ၏ ကိုယ်စားလှယ် Fr. Hilary တို့က ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။
ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လာရောက်လက်မှတ်ရေးထိုးသော သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်ခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများ၊ ကျန်ရစ်သူမိသားစုသို့ ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း သတင်းစကားများပြောကြားခဲ့ပြီး ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်