Skip to main content

သံတောင်ကြီးမြို့တွင်တည်ဆောက်လျက်ရှိသော အစိုးနည်းပညာအထက်တန်းကျောင်းအား ကရင်ပြည်နယ် ဝန်ကြီးချုပ်ကြည့်ရှု

သံတောင်ကြီး၊ အောက်တိုဘာ ၂၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် တည်ဆောက်လျက်ရှိသော အစိုးရနည်းပညာအထက်တန်းကျောင်း ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု   အခြေ အနေများကို ကရင်ပြည်နယ်ဝန်ကြီးချုပ်  ဒေါ်နန်းခင်ထွေးမြင့်နှင့်အဖွဲ့က     ယမန်နေ့နံနက် (၁၀) နာရီအချိန်ခန့်တွင်   သွားရောက်ကြည်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုရာတွင်  အစိုးရနည်းပညာအထက်တန်းကျောင်း တည်ဆောက်ပေးသည့် Kyaw Maw Group  ဆောက်လုပ်ရေးကုမ္မဏီမှ တာဝန်ခံဦးကျော်စွာက လုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံရှင်းလင်း ပြသပေးခဲ့ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အစိုးရနည်းပညာအထက်တန်းကျောင်းကို၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်၊  ပြည်ထောင်စုအစိုးရအဖွဲ့၏   ခွင့်ပြုရန်ပုံငွေဖြင့်  ကရင်ပြည်နယ်တွင်ဒုတိယမြောက် တည်ဆောက်ပေးခဲ့သော နည်းပညာအထက်တန်း ကျောင်းဖြစ်ပြီး Kyaw Maw Group ဆောက်လုပ်ရေးကုမ္မဏီနှင့် အရှေ့အာရှတံခွန် ဆောက်လုပ် ရေးကုမ္မဏီတို့က တာဝန်ယူတည်ဆောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)