Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းဆောင်ရွက်နေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ ကွင်းဆင်းစစ်ဆေး

သာယာဝတီ အောက်တိုဘာ ၂၅

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေနှင့် တာဝန်ရှိသူများသည်   ယမန်နေ့  ညနေ ၄ နာရီက  သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉  ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ရန်နိုင်မောင်၊ အကျဉ်း ဦးစီးဌာန  ညွှန်ကြားရေးမှူး  ဦးနိုင်ဝင်း၊   သာယာဝတီခရိုင်/ မြို့နယ်တာဝန်ရှိသူများက သာယာဝတီခရိုင်၏ လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှု အခြေအနေများ၊  ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ကြုံတွေ့နေရသော အခက်အခဲများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ကြရာ တင်ပြမှုများအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးတို့ မှ သိလိုသည်များအား မေးမြန်းခြင်း၊ လိုအပ်သည်များကို ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး   သာယာဝတီ အကျဉ်းထောင်အတွက် လိုအပ်သော ကျန်းမာရေး အကာအကွယ် ပစ္စည်းများနှင့် ငွေသား(၁၀)သိန်းကျပ်နှင့် သာယာဝတီမြို့နယ်အတွက် ကျန်းမာရေးအကာအကွယ်ပစ္စည်းများနှင့်  ငွေသား (၅) သိန်းကျပ်တို့အား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့‌ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ​သိရသည်။

သန့်ဇော်(ခရိုင်ပြန်/ဆက်)