နေပြည်တော် ဇူလိုင် ၂၀
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီငါးမျိုးစိုက်ထည့် ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်စည်ပင်သာယာရေး ကော်မတီရုံးအနောက်ဘက်ရှိ ငလိုက်ရာဘာရေလွှဲဆည်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ၎င်းတို့၏ဇနီးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ငါးမျိုးစိုက်ထည့်ပွဲတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့သည် ဒုတိယဝန်ကြီးများ၊ ၎င်းတို့၏ ဇနီးများနှင့်အတူငါးမြစ်ချင်းနှင့် ငါးခုံးမသားပေါက်များကို ငလိုက်ရာဘာ ရေလွှဲဆည်အတွင်း ငါးမျိုးစိတ်စိုက်ထည့်ပေးကြသည်။
ယင်းနောက်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ၎င်းတို့၏ ဇနီးများနှင့် အရာထမ်း၊ အမှုထမ်းများက ငါးမြစ်ချင်းနှင့် ငါးခုံးမသားပေါက်ကောင်ရေ ၁၁၀၀၀ ကို စားနပ်ရိက္ခာပေါကြွယ်ဝရေး၊ ရေသယံဇာတများ ထိန်းသိမ်းရေး၊ ငါးမျိုးမပြုန်းတီးရေး စသည့်ရည်ရွယ်ချက်များဖြင့် ငလိုက်ရာဘာရေလွှဲဆည်အတွင်း ငါးမျိုးစိတ်စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်