Skip to main content

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီငါးမျိုးစိုက်ထည့်ပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၁၇

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီငါးမျိုးစိုက်ထည့်ပွဲကို ယနေ့ညနေပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်၌ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ ဝန်ကြီးရုံးနှင့်ဦးစီးဌာနများမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

ငါးမျိုး စိုက်ထည့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ငါးမြစ်ချင်းနှင့် ငါးခုံးမသားပေါက်များကို မင်္ဂလာကန်အတွင်း ငါးမျိုးစိုက်ထည့်ပေးကြသည်။

ထို့နောက် ဝန်ထမ်းများက သတ်မှတ်နေရာများ၌ ငါးသားပေါက်များ မင်္ဂလာကန်အတွင်း ငါးမျိုးစိုက်ထည့်ပေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြကြောင်းနှင့် အခမ်းအနားတွင် မင်္ဂလာကန်အတွင်း ငါးသယံဇာတတိုးပွားစေရေး ရည်ရွယ်ချက်ဖြင့် သဘာဝအလျောက်ကြီးထွားနှုန်းမြန်ဆန်သည့် ငါးမြစ်ချင်းနှင့် ငါးခုံးမကောင်ရေ ၂၅၀၀၀ ကို ငါးမျိုး စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်