Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းစာ၊ ဂျာနယ်ထုတ်ဝေသူများနှင့် တွေ့ဆုံ

ရန်ကုန် ဇူလိုင် ၁၇

သတင်းမီဒီယာကဏ္ဍတိုးတက်ရေးအတွက် သတင်းစာ၊ ဂျာနယ်ထုတ်ဝေသူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အမှာစကား ပြောကြားသည်။

ဆွေးနွေးပြောကြား

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်တွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့် သတင်းမီဒီယာများ လိုက်နာဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများအားလည်းကောင်း၊ သတင်းများဖော်ပြရာတွင် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား၊ ပြည်သူများ၏ အကျိုးစီးပွားကို မထိခိုက်မပျက်ပြားအောင် ရေးသားဖော်ပြရန် လိုအပ်မှုအခြေအနေများအားလည်းကောင်း၊ သတင်းတု၊ သတင်းမှားများအန္တရာယ်နှင့် သတင်းမှန်များ ထုတ်လွှင့်ဖော်ပြပေးရန် လိုအပ်မှုအခြေအနေများအားလည်းကောင်း ဆွေးနွေးပြောကြားသည်။

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဒုတိယဥက္ကဋ္ဌ(၂) ဦးခင်မောင်ကျော်ဒင်နှင့် တက်ရောက်လာကြသည့် သတင်းစာ၊ ဂျာနယ်များမှ ထုတ်ဝေသူများနှင့် တာဝန်ရှိသူများက သတင်းမီဒီယာကဏ္ဍတိုးတက်ရေးအတွက် ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

သတင်းစဉ်