Skip to main content

ကျိုက်ထိုမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၁၆

ကျိုက်ထိုမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၈ ရက် ညနေ ၆ နာရီတွင် သတင်းအရ ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာအနီး၌ မန္တလေးမြို့မှ မြဝတီမြို့သို့ အောင်ကျော်ထွန်းမောင်းနှင်ပြီး မကြေးမုံဝင်း၊ ကျော်မျိုးအောင်နှင့် မရွှေရည်တို့ လိုက်ပါလာသော SHN-38 EE-xxxx NISSAN AD VAN မော်တော်ယာဉ်အား ရှာဖွေရာ ငွေကျပ် ၁ ဒသမ ၂၈၃၆ ဘီလီယံတန်ဖိုးရှိ ဘိန်းဆီခဲ ၁၉ ဒသမ ၅ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၃၅၁ သိန်း)၊ စိတ်ပြောင်းဆေးဝါး (Happy Water) ၂၂ ဒသမ ၆ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၆၇၈၀)၊ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၇ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၄၂၅ သိန်း)၊ ကတ်တမင်း ၁၄ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၄၂၀၀) နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀၀၀ (၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁၀၈၀) တို့ကို ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား မိုင်းရယ်မြို့နေ ညီညီထွေး (ခ) Sun မိုင်းရယ်မှ မြဝတီမြို့နေ မျိုးဇော်ငြိမ်းထံသို့ ပို့ဆောင်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်