Skip to main content

မွန်ပြည်နယ်ဝန်ကြီးချုပ် ​ဒေါက်တာ​အေးဇံ အတ္ထရံမြစ်ကူးတံတား (စံပယ်ဂူ) တည်​ဆောက်ပြီးစီး​နေမှုများအား ကြည့်ရှုစစ်​ဆေး

ကျိုက်မ​ရော ​အောက်တို ဘာ ၂၂ ​

မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ်ရှိ အတ္ထရံ မြစ်ကူးတံတား(စံပယ်ဂူ) တည်​​ဆောက်ပြီးစီး​နေမှုအ​ခြေအ​နေများအား ယမန်​နေ့ည​နေ ၄ နာရီခန့်က မွန်ပြည်နယ်ဝန်ကြီးချုပ်​ ဒေါက်တာ​အေးဇံနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဝန်ကြီး၊ စည်ပင်သာယာ​ရေးနှင့်​ ဆောက်လုပ်​ရေးဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်​ဒေါ်ခင်မျိုးမြင့်၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ ကျိုက်မ​ရော-စံပယ်ဂူ-​ကော့ပ​နောလမ်း​ပေါ်ရှိ အတ္ထရံမြစ်ကူး တံတား (စံပယ်ဂူ)နှင့် တံတားချဉ်းကပ်လမ်း တည်​ဆောက်ပြီးစီးမှု အခြေအ​နေများအား လာ​ရောက် ကြည့်ရှုစစ်​ဆေးပြီး တံတား​ဆောက်လုပ်​ရေးစီမံကိန်းမှ တာဝန်ရှိသူများအား​တွေ့ဆုံ၍ လိုအပ်သည် များကိုလမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်       တာဝန်ရှိသူများသည်      ကျိုက်မ​ရောမြို့နယ် ​အောင်သုခရပ်ကွက်၌ တည်​ဆောက်​နေသည့် School Cum Shelter​ဆောက်လုပ်​ထားမှု အ​​ခြေအ​နေများအား သွား​ရောက်စစ်​ဆေးခဲ့ပြီး ကလိုင်းကနိုင်-​ကျောက်တစ်လုံးလမ်း​ပေါ်ရှိ တံတား ချဉ်းကပ်လမ်း ​ဆောင်ရွက်​နေမှုများအား ကြည့်ရှုစစ်​ဆေးကာ လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့​ကြောင်း သိရသည်။

ချိုမြတ်မြတ်​ထွေး (ပြန်/ ဆက်)