Skip to main content

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့် ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၀

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး(Human Papillomavirus Vaccine -HPV) စတင် ထည့်သွင်း ထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - (MICC-2) Social Distancing ဖြင့် ကျင်းပ သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင် ဝင်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒေါက်တာဝင်းမြတ်အေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ၊ နှီးနွှယ်ဌာနဆိုင်ရာများ၊ Gavi, the vaccine alliance အဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့နှင့် အလှူရှင်အဖွဲ့ အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ (NITAG) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆေးပညာရှင်အဖွဲ့ အစည်းများ၊ ပြည်တွင်းနှင့်နိုင်ငံတကာ အစိုးရ မဟုတ် သော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ခြေခံကျန်းမာရေးပညာရှင်များက အွန်လိုင်း (online) မှ တစ်ဆင့် တက်ရောက်ခဲ့ကြ သည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏  အဖွင့်မိန့်ခွန်း ဗီဒီယိုဖိုင်ကို ပြသသည်။

(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ်၏ အဖွင့်မိန့်ခွန်း အပြည့်အစုံကို သီးခြားဖော်ပြ ထားပါသည်။)

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်ထိန်း ချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများကိုသာမက အခြားသော ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကိုလည်း လစ်ဟင်းမှု မရှိစေရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဝန်ကြီးဌာန၏ ကျန်းမာရေးစီမံချက် (၄၀) ကျော်အနက် တစ်ခုအပါအဝင်ဖြစ်သော တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်သည် ပြည်သူများတွင် ကာကွယ်ဆေးဖြင့် ကာကွယ် နိုင်သော ရောဂါ (၁၂) မျိုးမဖြစ်ပွားစေရေးအတွက် အလွန်အရေးကြီးသည့် လုပ်ငန်းများ ဆောင်ရွက်နေသည် ဖြစ်သဖြင့် ရပ်တန့်နေ၍ မရပါကြောင်း။

သားအိမ်ခေါင်းရောဂါကာကွယ်ဆေး အိတ်ချ်ပီဗီကာကွယ်ဆေးကို ဝန်ကြီးဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်၏ (၁၃) ခု မြောက် ရောဂါကာကွယ်ဆေးအဖြစ် ယခုလ (၂၀) ရက်နေ့မှ စတင်၍ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အခမဲ့ ထည့်သွင်း ထိုးနှံခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အသက် () နှစ်မှ (၁၀) နှစ်အရွယ် မိန်းကလေး (၄၅၀,၀၀၀) ကျော်ခန့်ကို သားအိမ်ခေါင်းရောဂါကာကွယ်ဆေး ထိုးနှံပေး သွားမည်ဖြစ်ပါ ကြောင်း၊ လတ်တလောတွင် မိမိအိမ်တွင်နေထိုင်ရေး (Stay at home) အစီအစဉ်တွင် အကျုံးဝင်သော မြို့နယ်များတွင် စတင်ထိုးနှံခြင်းမပြုသေးဘဲ (Stay at home) အစီအစဉ် ပယ်ဖျက်ပြီးသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာမြို့နယ်တွင် စတင် ထိုးနှံသွားမည်ဖြစ်ပါ ကြောင်း။

စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါကလည်း ကျောင်းအခြေပြု ကာကွယ်ဆေး ထိုးအစီအစဉ်များတွင် စတင်ထိုးနှံသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ ယခုစတင် ထိုးနှံမည့် သားအိမ်ခေါင်းရောဂါကာကွယ်ဆေးသည် သားအိမ်ခေါင်း ရောဂါဖြစ်ပွားစေ သည့် အိတ်ချ်ပီဗီ (HPV) ရောဂါပိုး () မျိုးကိုကာကွယ်နိုင်သော လေးမျိုးစပ် ကာကွယ် ဆေးဖြစ်ပြီး Gavi, the vaccine alliance မှ မိမိတို့နိုင်ငံအတွက် အထူးဈေးနှုန်းဖြင့် ဝယ်ယူ ပံ့ပိုးပေးသဖြင့် တစ်ဦးကိုထိုးရန် ဆေးတစ်ကြိမ်စာအတွက် အမေရိကန် ဒေါ်လာ                  ( ဒသမ ) ဒေါ်လာ ကျသင့်မည်ဖြစ်ပြီး တစ်ဦးလျှင် ဆေးနှစ်ကြိမ်ပြည့်အောင် () နှစ်ခြား၍ ထိုးနှံ ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ထိုးနှံမည့် သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး တန်ဖိုး၏ (၈၀) ရာခိုင်နှုန်းကို Gavi, the vaccine alliance အဖွဲ့မှ ပံ့ပိုးမည်ဖြစ်ပြီး နိုင်ငံတော်မှ ဆေးတန်ဖိုး (၂၀) ရာခိုင်နှုန်းအပြင် အခြားသော လုပ်ငန်း ဆောင်ရွက်ရန် ကုန်ကျစရိတ်များကို ကျခံ သွားမည်ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရှေ့တောင်အာရှနိုင်ငံများတွင် () နိုင်ငံမြောက် အဖြစ်လည်းကောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် () နိုင်ငံမြောက် အဖြစ် လည်းကောင်း သားအိမ်ခေါင်းရောဂါကာကွယ်ဆေးကို တစ်ပြည်လုံး အတိုင်းအတာဖြင့် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်း ထိုးနှံနိုင်ခြင်းလည်း ဖြစ်ပါကြောင်း၊ ယခု ကဲ့သို့ သားအိမ်ခေါင်းရောဂါကာကွယ်ဆေးကို ထိုးနှံပေးခြင်းအားဖြင့် သားအိမ်ခေါင်း ကင်ဆာရောဂါ ဖြစ်ပွားမှုများ လျော့နည်းသွားမည့်အပြင် လိင်အင်္ဂါကြွက်နို့ ရောဂါ အပါ အဝင်အိတ်ချ်ပီဗီ (HPV) ရောဂါပိုးကြောင့် ဖြစ်ပွားသော ရောဂါများကို ပါကာကွယ် နိုင်မည် ဖြစ်ပါကြောင်း၊ အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှု လျော့နည်း လာပါက ရောဂါကြောင့် ဝေဒနာခံစားရမှုများ၊ လူမှု-စီးပွားထိခိုက်ပျက်စီးမှုများ၊ စိတ်ပိုင်း ဆိုင်ရာထိခိုက်မှုများ၊ အရွယ်မတိုင်မီ သေဆုံးမှုများ သိသာထင်ရှားစွာ လျော့နည်း သွားမည်ဖြစ်ပါကြောင်း။

သားအိမ်ခေါင်းရောဂါကာကွယ်ဆေးကို အသွားအလာခက်ခဲဒေသများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ၊ တိုင်းရင်းသားဒေသများ အားလုံးတွင်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ပူးပေါင်းပါဝင် ပံ့ပိုးမှုဖြင့် ထိုးနှံပေးသွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ကာကွယ်ဆေး ထိုး/ တိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့များ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှူးများ၊ မြို့နယ်ဆရာဝန်ကြီးများနှင့် အခြေခံကျန်းမာရေးပညာရှင်များ၏ ပံ့ပိုးပါဝင်မှုများ သည် အထူးအရေးကြီးပါကြောင်း။

မိမိအနေဖြင့် ကာကွယ်ဆေးများ၏ အကျိုးကျေးဇူးကို အနည်းငယ်ပြောကြား လိုပါကြောင်း၊ အမေရိကန်နိုင်ငံ Johns Hopkins University မှ (၂၀၁၁) ခုနှစ်မှ (၂၀၂၀) ပြည့်နှစ်အထိ နိုင်ငံ (၉၄) ခုတွင် သုတေသန ပြုလေ့လာမှုများမှ တွေ့ရှိချက်များအရ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများတွင် အမေရိကန် ဒေါ်လာ () ဒေါ်လာရင်းနှီးမြုပ်နှံ ခြင်းဖြင့် အမေရိကန် ဒေါ်လာ (၁၆) ဒေါ်လာနှင့်ညီမျှသော ကျန်းမာရေးဆိုင်ရာ အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ပြီး၊ အမေရိကန် ဒေါ်လာ (၄၄) ဒေါ်လာနှင့် ညီမျှသော လူမှုစီးပွား ဆိုင်ရာ အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ အမျိုးသားအဆင့် ကာကွယ် ဆေးထိုးလုပ်ငန်းဆိုင်ရာအကြံပေးအဖွဲ့ (NITAG) နှင့် တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်တို့အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ COVID-19 ကာကွယ်ဆေးများ စမ်းသပ်နေမှု သတင်းအခြေ အနေများကို အမြဲမပြတ်စောင့်ကြပ်ကြည့်ရှုလျက်ရှိပါကြောင်း၊ လက်ရှိတွင် ကမ္ဘာတစ်ဝန်း တွင် COVID-19 ကာကွယ်ဆေးအမျိုးမျိုးကိုလည်း စမ်းသပ်လျက်ရှိပြီး မည်သည့်ကာကွယ် ဆေးကမျှ (phase-3 clinical trial) ကို ပြီးမြောက်ခြင်း မရှိသေးပါ ကြောင်း။

စမ်းသပ်မှုအဆင့်ဆင့်ပြီးမြောက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အသိ အမှတ်ပြု ထောက်ခံသော COVID-19 ကာကွယ်ဆေးပေါ်ပေါက်လာပါက မိမိတို့နိုင်ငံ လူဦးရေ၏ (၂၀) ရာခိုင်နှုန်းစာ ကာကွယ်ဆေးများကို ရရှိနိုင်ရေးအတွက် Gavi, the vaccine alliance အဖွဲ့မှ ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ ထိုသို့ပေါ်ပေါက်လာပါက မိမိတို့နိုင်ငံ တွင် ထိုးနှံရေးအတွက် ကာကွယ်ဆေးထိုးလုပ်ငန်း အတွေ့အကြုံမြင့်မားသည် ပညာရှင် များ၊ အခြေခံကျန်းမာရေးပညာရှင်များ၊ ကာကွယ်ဆေး ထိန်းသိမ်းထားသိုရန် အအေးလမ်း ကြောင်းများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ လုပ်ငန်း လမ်းညွှန်များလည်း အသင့်ရှိပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် (၂၀၃၀) ခုနှစ်တွင် အမျိုးသမီး-နှစ် (woman-years) () သိန်းတွင် () ဦး အောက်သာ သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှုရှိရန်ဟူသည့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ "သားအိမ်ခေါင်းကင်ဆာ ရောဂါကင်းဝေးရေး" ရည်မှန်းချက် ပြည့်ဝ စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

သားအိမ်ခေါင်းကင်ဆာရောဂါသည် ရောဂါအဆင့်နိမ့်ချိန် သားအိမ်ခေါင်း ကင်ဆာ အကြိုအဆင့်၌ စောစီးစွာစစ်ဆေး သိရှိကာ၊ စနစ်တကျကုသမှုခံယူပါက ပျောက်ကင်း နိုင်ပါကြောင်း၊ အသက် (၃၀) မှ (၄၅) နှစ်အတွင်း အမျိုးသမီးများအနေဖြင့် သားအိမ်ခေါင်း အချွဲအမြှေးကို ယူ၍စစ်ဆေးခြင်း (PAP Smear) ဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါကို စစ်ဆေးမှုခံယူသင့်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ထိုသို့စစ်ဆေးမှုများကို ပိုမိုကျယ်ပြန့် စွာဆောင်ရွက်နိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သားအိမ်ခေါင်း ရောဂါကာကွယ်ဆေးဆိုင်ရာ အသိပညာများ၊ သားအိမ်ခေါင်းကင်ဆာ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာများကို ဝန်ကြီးဌာနမှ ပိုစတာများ၊ လက်ကမ်းစာ စောင်များ၊ လူမှုကွန်ရက်နှင့် အင်တာနက်စာမျက်နှာများမှ တစ်ဆင့်ဖြန့်ဝေပေးလျက်ရှိပြီး ပြည်သူများကလည်း မိမိတို့ ပတ်ဝန်းကျင်၊ မိမိတို့၏မိတ်ဆွေများသို့လည်းကောင်း၊ ကျောင်းများပြန်လည် ဖွင့်လှစ်ချိန်တွင်လည်း ဆရာ၊ ဆရာမများက ကျောင်းသား/သူများ ထံသို့လည်းကောင်း အသိပညာများ မျှဝေပေးကြစေလိုပါကြောင်း။

ပြည်သူများအနေဖြင့် မိမိတို့ အိမ်နီးနားချင်းများ၏ အသက် () နှစ်မှ (၁၀) နှစ်အရွယ် မိန်းကလေးငယ်များအား သားအိမ်ခေါင်းရောဂါကာကွယ်ဆေး ထိုးနှံကြရန် အတွက် အသိပေးမျှဝေ ပြောကြားမှုများ ပြုလုပ်ပေးစေလိုပါကြောင်း၊ ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့် လည်း သားအိမ်ခေါင်းရောဂါကာကွယ်ဆေးဆိုင်ရာ အကြောင်းအရာများကို တိုင်းရင်းသား ဘာသာစကားများဖြင့်ပါ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေးပေးနိုင်ရန် မေတ္တာ ရပ်ခံအပ်ပါကြောင်း၊ ယခုကဲ့သို့  မြန်မာနိုင်ငံ၏ အနာဂတ် အမျိုးသမီးငယ်များက ကျန်းမာရေးအတွက် သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် အားထုတ် ပံ့ပိုးပေးခဲ့သော နိုင်ငံတော်အစိုးရနှင့် လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက် ခဲ့သော ဝန်ကြီးဌာနရှိ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်အပါအဝင် သက်ဆိုင်သူ အားလုံးအား ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် အိတ်ချ်ပီဗီကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ပညာပေး ဗီဒီယို ကို ပြသသည်။

ထို့နောက် အမျိုးသမီးငယ် ဦးအား အိတ်ချ်ပီဗီကာကွယ်ဆေး စတင်ထိုးနှံပေးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)