Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၂၄

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၁) ဆောက်လုပ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရ ပူးပေါင်းဆောင်ရွက်လျက်ရှိသော တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းများနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းကြောင်း တစ်လျှောက်ရှိ မဟာဗျူဟာကျသည့်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကိစ္စရပ်များ၊ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော အဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းလုပ်ငန်းများတွင် နည်းပညာနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အကူအညီပေးရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်သည့် ဆောက်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်