နေပြည်တော် ဇွန် ၂၄
ငလျင်ဘေးသင့်ပြည်သူများအတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဝန်းသိုကျောင်းတိုက်မှ ဆရာတော်ဦးကေတုမာလာနှင့် သံဃာတော်များက ဆန် ၂၄ ပြည်အိတ် ၃၀၀ နှင့် အောင်ဇေရန်အောင် ဆရာတော်ဦးဥတ္တမသီရိက ဆန် ၂၄ ပြည် အိတ် ၂၀၀ စုစုပေါင်း ဆန်အိတ် ၅၀၀ ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC) သို့ လာရောက်ပေးအပ်လှူဒါန်းရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူပြီးသက်ဆိုင်ရာ ဒါယကာများသို့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်