နေပြည်တော် အောက်တိုဘာ ၁၉
သမဝါယမဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့ မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး ညှိနှိုင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် တာဝန်ရှိသူများက သမဝါယမ တက္ကသိုလ် (သန်လျင်နှင့်စစ်ကိုင်း)တို့မှ ပါမောက္ခချုပ်များ၊ သမဝါယမကောလိပ် (မန္တလေးနှင့် ဖောင်ကြီး)တို့မှ ကျောင်းအုပ်ကြီးများနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ အပြန် အလှန် ဆွေးနွေးကြသည်။
အဆိုပါအစည်းအဝေးတွင် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ဖြည့်စွက်ရေး ကိစ္စရပ်များ၊ သမဝါယမတက္ကသိုလ်များမှ ပေးအပ်ချီးမြှင့်သော ဘွဲ့ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်