နေပြည်တော် ဇွန် ၂၁
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ မတ် ၃၀ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့ တွင် ၈၁ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိသည်။
နေပြည်တော်အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန်ခြောက်ပြည်ပါ (မနောသုခ- Export Quality) ငါးအိတ်၊ ဆန် ငါးပြည်ပါ (ဖျာပုံပေါ်ဆန်း) လေးအိတ်၊ ဆား ၄ ပိဿာ ၇၅ ကျပ်သား၊ ကုလားပဲ ၂၀ ကျပ်သားပါအိတ် အထုပ် ၂၀၊ ငါးပိ ၁ ပိဿာ ၂၀ ကျပ်သား၊ ငါးတံခွန် ၁၀ ကျပ်သားပါ လေးထုပ်၊ ငါးပုတ်သင် ၁၀ ကျပ်သားပါ သုံးထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ် သားပါ ၅ ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သားပါ လေးထုပ်၊ ငါးရောင် ခြောက် ၁၀ ကျပ်သားပါ သုံးထုပ်၊ ကြက်ဥအလုံး ၁၀၀၊ ဘဲဥအလုံး ၂၀၊ ခေါက်ဆွဲခြောက်ငါးထုပ်တို့ကို ရောင်းချပေးခဲ့သည်။
အလားတူ စစ်ကိုင်းမြို့အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန် ၂၄ ပြည်ပါ (ရွှေဝါထွန်း) တစ်အိတ်၊ စားအုန်း ဆီ ၇၅ ပိဿာ၊ ဆား ၅ ပိဿာ၊ ကုလားပဲ ၁၀ ဘူး၊ ငါးပိ ၃ ပိဿာ၊ ငါးနီတူခြောက် ၁ ပိဿာ၊ ပုစွန် ခြောက် ၁၀ ကျပ်သားပါ သုံးထုပ်၊ ကြက်ဥ ၇၃ လုံး၊ ဘဲဥ ၂၅ လုံး၊ ကြက်သွန်နီ ၇ ပိဿာနှင့် အသား တု ၁ ပိဿာတို့ကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေးမြို့အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၁၅ အိတ်၊ စားအုန်းဆီပိဿာ ၂၂၀၀၊ ဆား ၅ ပိဿာ၊ ကုလားပဲ ၂၅ ကျပ်သားပါ ရှစ်ထုပ်၊ ငါးပိ ၁ ပိဿာ ၇၅ ကျပ်သား၊ ငါးနီတူခြောက် ၁၀ ကျပ်သားပါ ရှစ်ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သားပါ ၁၀ ထုပ်၊ ကြက်ဥအလုံး ၉၃၀၊ ဘဲဥ ၅၁၃ လုံးနှင့် ခေါက်ဆွဲခြောက် ၆၉ ထုပ်တို့ကို သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်