နေပြည်တော် ဇွန် ၂၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် မြန်မာကိုယ်စား လှယ်အဖွဲ့သည်(၂၁)ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး (ASEAN Ministerial Meeting of Science, Technology and Innovation- 21, AMMSTI)သို့ တက်ရောက်ရန် ဇွန် ၁၈ ရက်တွင် အင်ဒိုနီးရှားသမ္မတနိုင်ငံ ဂျကာတာမြို့သို့ ရောက်ရှိခဲ့သည်။
ဇွန် ၁၉ ရက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ASEAN ဒေသတွင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးများကို ကြိုဆိုဂုဏ်ပြုသည့် ညစာစားပွဲသို့ မြန်မာကိုယ်စား လှယ်အဖွဲ့နှင့်အတူ တက်ရောက်ခဲ့သည်။
ဇွန် ၂၀ ရက် နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် (၂၁)ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး (AMMSTI-21)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ပူးပေါင်းဆောင်ရွက်ရေး
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်(၂၁)ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး (AMMSTI- 21)သို့တက်ရောက်ပြီး အာဆီယံဒေသတွင်း ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်မည့်သိပ္ပံနှင့် နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် စီမံကိန်းပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးအတည်ပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက “Empowering ASEAN's Science, Technology and Innovation Ecosystem: National Commitments for Reginal Impact through APASTI 2026-2035” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။
ကဏ္ဍအလိုက်ဆွေးနွေး
ထို့နောက် မြန်မာကိုယ်စား လှယ်များဖြစ်ကြသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးနှင့် သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဖြူဖြူဝင်းတို့သည် (၈၇)ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့်တီထွင် ဆန်းသစ်မှုကော်မတီ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်