Skip to main content

ခိုလမ်တပ်နယ်ရှိ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ စာရေးကိရိယာများနှင့် ပညာသင်စရိတ်များ ပထမအကြိမ် ပေးအပ်ပွဲကျင်းပ

နေပြည်တော် ဇွန် ၁၅

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ခိုလမ်တပ်နယ်ရှိ တပ်မတော်သား မိသားစုဝင် ကျောင်းသား ကျောင်းသူများအတွက် (ပထမအကြိမ်) ကျောင်းဝတ်စုံ၊ စာရေးကိရိယာများနှင့် ပညာသင်စရိတ်များ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ဇေယျခန်းမ၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက်တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားကြမည့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်း ဝတ်စုံ၊ စာရေးကိရိယာများနှင့် ပညာသင်စရိတ်များကိုပေးအပ်ပြီး ကျောင်းသား ကျောင်းသူ များနှင့် မိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ထို့အပြင် တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှု အောက်ရှိ တပ်နယ်၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ လည်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား ကျောင်းသူများအား (ပထမအကြိမ်) ကျောင်း ဝတ်စုံ၊ စာရေးကိရိယာများနှင့် ပညာသင်စရိတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်