Skip to main content

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့် ပုလဲရတုနှစ်ပတ်လည်နေ့အထိမ်းအမှတ် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်း

နေပြည်တော် ဇွန် ၁၂

၂၀၂၅ ခုနှစ် ဇွန် ၁၅ ရက်တွင် ကျရောက်မည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့် ပုလဲရတုနှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) အစည်းအဝေး ခန်းမဆောင်(၂)၌ ကျင်းပသည်။

အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး သွေးလှူဒါန်းကြမည့် ဝန်ထမ်းများအား သွေးပေါင်ချိန်တိုင်းစစ်ဆေးမှု၊ သွေးအမျိုးအစားခွဲခြားသတ်မှတ်မှုနှင့် သွေးအလှူရှင်အား နည်းပညာအသုံးပြု မှတ်တမ်းတင်ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် ခန်းမအတွင်း၌ သွေးလှူဒါန်းနိုင်ရေး စစ်ဆေးပြီးစီးသည့် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းနေမှုကို လိုက်လံကြည့်ရှုအားပေးစကားပြောကြားကြပြီး သွေးအလှူရှင်ဝန်ထမ်းများအား အာဟာရဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများကို ချီးမြှင့်ပေးအပ်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)တွင် ဆေးရုံတက်ရောက် ကုသမှုခံယူနေသည့်လူနာများအတွက် တစ်နေ့တာကျွေးမွေးစရိတ် ငွေကျပ် ၂၅ သိန်းနှင့် PPE ဝတ်စုံ ၃၆ စုံတို့ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်