Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယာယီဘာရှာလိုင်းခန်းများ၌ ဝန်ထမ်းများ ပြောင်းရွှေ့နေထိုင်နေမှုနှင့် Prefabricated Modular House များ တပ်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းက ဝန်ကြီးဌာနပိုင်မြေနေရာ၌ ပြည်ထောင်စုဝန်ကြီးရုံး၊ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ငလျင်ဒဏ်သင့် အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ နေထိုင်နိုင်ရေး တည်ဆောက်ပြီးစီးခဲ့သည့် ယာယီဘာရှာလိုင်းခန်းများတွင် ပြောင်းရွှေ့နေထိုင်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် Prefabricated Modular House များ တပ်ဆင်ဆောင်ရွက်နေမှု၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယာယီလိုင်းခန်းများအတွင်း ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်နေမှုနှင့် ရေ၊ မီး၊ မိလ္လာစနစ်များ တပ်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး Prefabricated Modular House တပ်ဆင်မှုများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက် ပြီးစီးပါက ဝန်ထမ်းများကို စနစ်တကျ အမြန်ဆုံးနေရာချထား ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြား သည်။

ထို့နောက် ဇမ္ဗူသီရိမြို့နယ်ရှိ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းရုံးမြေနေရာ၌ တည်ဆောက်ပြီးစီးခဲ့သည့် ယာယီဘာရှာလိုင်းခန်းများနှင့် Prefabricated Modular House များတွင် ဝန်ထမ်းများ ပြောင်းရွှေ့နေထိုင်နေမှု၊ ရေ၊ မီး၊ မိလ္လာစနစ်များ ဆောင်ရွက်ပေးထားမှု၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပျဉ်းမနားမြို့ မြောက်လွှတ်ကုန်းရှိ သင်တန်းသား အိပ်ဆောင်ဝင်းနှင့် စက်ယန္တရားသိုလှောင်ရုံဝင်းတို့အတွင်း တည်ဆောက်ထားသည့် ယာယီဘာရှာလိုင်းခန်းများတွင် ဝန်ထမ်းများ ပြောင်းရွှေ့နေထိုင်နေမှုအခြေအနေများကိုလည်းကောင်း၊ လယ်ဝေးမြို့နယ်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး မြေနေရာတွင် တည်ဆောက်ထားသည့် နှစ်ခန်းတွဲယာယီဘာရှာလိုင်းခန်းများတွင် ဝန်ထမ်းများ ပြောင်းရွှေ့နေထိုင်နေမှုကိုလည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ရုံးဝင်းအတွင်းရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ယာယီဘာရှာ လိုင်းခန်းများတွင် ဝန်ထမ်းများ ပြောင်းရွှေ့နေထိုင်နေမှုအခြေအနေများကိုလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ စနစ်တကျနေထိုင်နိုင်ရေးအတွက် လိုအပ်သည့် ရေ၊ မီး၊ မိလ္လာစနစ်များ လုံလောက်မှုရှိအောင် ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်