Skip to main content

ဒုတိယဝန်ကြီး ဦးရဲတင့် ငလျင်ဒဏ်ကြောင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများ ထိခိုက်ပျက်စီးမှုများ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၈

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ယာယီခရိုင်ရုံးသို့ ရောက်ရှိပြီး ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ အားပေးစကားပြောကြားကာ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

ထို့နောက် စစ်ကိုင်းတောင်ရိုးပေါ်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို သွား​ရောက်ကြည့်ရှုစစ်ဆေးပြီး ဇုန်နယ်မှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံမှာကြားသည်။ စစ်ကိုင်းထပ်ဆင့်လွှင့်စက်ရုံသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု ကြီးကြီးမားမားမရှိဘဲ ပုံမှန်ထုတ်လွှင့်မှုများ ဆောင်ရွက်လျက်ရှိသည်။

မွန်းလွဲပိုင်းတွင် အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးကာ ဆောင်ရွက်ရန်ရှိသည်များကို မှာကြားသည်။

ခရီးစဉ်တွင် ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့် တွေ့ဆုံရာ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရ မှုများအတွက် အားပေးနှစ်သိမ့်ပြီး လုပ်ငန်းတာဝန်များကို ပုံမှန်ဆောင်ရွက်နေကြပြီဖြစ်ကြောင်း၊ စစ်ကိုင်းခရိုင်ရုံးမှ ကွယ်လွန်သွားသော ဝန်ထမ်းများအတွက် ရသင့်ရထိုက်သည့် ခံစားခွင့်များရရှိရေး အလေးထား ဆောင်ရွက်​ပေးရန်၊

ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ပေးအပ်လာသည့်တာဝန်များ ထမ်းဆောင်နိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန်၊ နွေရာသီ မီးဘေးအန္တရာယ်ကာကွယ်ရေး သတိထားရန်၊ စက်ပစ္စည်းများ ပုံမှန်စစ်ဆေးထိန်းသိမ်းပြီး မပျက်စီးအောင် ဂရုစိုက်ရန်နှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုပြင်ရေး၊ ဆုံးရှုံးမှုများအား စာရင်းမှ ပယ်ဖျက်နိုင်ရေးတို့ကို ဆောင်ရွက်သွားကြရန် မှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးက ဝန်ထမ်းများအား စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

သတင်းစဉ်