Skip to main content

ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူငွေ လှူဒါန်း

ရန်ကုန် ဇွန် ၃

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် BANGKOK BANK PCL (Yangon Branch) မှ အလှူငွေကျပ် ၁၄၀၀၀၀၀၀၀ ကို မေ ၃၀ ရက်က မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်ရုံးခွဲ၌ လာရောက်လှူဒါန်းသည်။

အဆိုပါ လှူဒါန်းငွေများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်၊ အလုပ်အမှုဆောင်များနှင့် တာဝန်ရှိသူများက လက်ခံပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်