Skip to main content

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဈေးကားများဖြင့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော် မေ ၂၈

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UM-FCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ (နေပြည်တော်) စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး မေ ၂၈ ရက် တွင် ၅၈ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မေ ၂၈ ရက်တွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန်ခြောက်ပြည်ပါ (မနောသုခ- Export Quality) ၃၃ အိတ်၊ ဆန်ငါးပြည်ပါ (ဖျာပုံပေါ်ဆန်း) ၁၈ အိတ်၊ ဆီ ပိဿာ ၁၂၀၀၊ ဆားရှစ်ပိဿာ ၂၅ ကျပ်သား၊ ကုလားပဲ ၂၀ ကျပ်သားပါ အိတ် ၃၅ ထုပ်၊ ငါးပိနှစ်ပိဿာ ၈၀ ကျပ်သား၊ ငါးတံခွန် ၁၀ ကျပ်သား ပါ ၁၂ ထုပ်၊ ငါးပုတ်သင် ၁၀ ကျပ် သားပါ ၁၈ ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သားပါ အထုပ် ၂၀၊ အာပဲ့ခြောက် ၁၀ ကျပ်သားပါ ၂၂ ထုပ်၊ ငါးရောင်ခြောက် ၁၀ ကျပ်သားပါ ၁၂ ထုပ်၊ ကြက်ဥအလုံး ၃၄၀၊ ဘဲဥအလုံး ၆၀ ၊ ခေါက်ဆွဲခြောက် ၁၁ ထုပ်တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ စသည့် ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ ဈေးကားကြီး (အရောင်းယာဉ်) ဖြင့် မေ ၅ ရက်မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိသည်။ ထို့အပြင် ၂၀၂၅ ခုနှစ် မေ ၂၈ ရက်တွင် အမဲသားပိဿာ ၉၀ ၊ ဝက်သားပိဿာ ၁၀၀ တို့ကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် မေ ၂၈ ရက်တွင် ခရမ်းချဉ်သီး ပိဿာ ၁၀၀၊ အာလူး ပိဿာ ၃၀၀၊ ဂေါ်ဖီထုပ် ၁၀၀၊ ပန်းဂေါ်ဖီပွင့် ၁၀၀၊ ချင်း ၁၃ ပိဿာ၊ ကြက်သွန်ဖြူ ၁၆၆ ပိဿာ၊ ရွှေဖရုံသီး/ ကျောက်ဖရုံသီး ၆၆ ပိဿာ၊ ခရမ်းသီး ၆၆ ပိဿာ၊ မုန်ညင်းဖြူ ပိဿာ ၁၀၀ ၊ ကိုက်လန် ပိဿာ ၂၀၊ မုန်လာဥနီ ၆၆ ပိဿာ၊ ငရုတ်ပွ ၅၃ ပိဿာ၊ ဗိုလ်စားပဲ ၆၆ ပိဿာ၊ ဂေါ်ရခါးသီး ပိဿာ ၈၀ ၊ သခွားသီး ၃၃ ပိဿာ၊ ပြောင်းဖူး ၆၆ ပိဿာနှင့် လက်ဖက်ခြောက် ခြောက်ပိဿာတို့ကို သက်သာသော ဈေးနှုန်းများဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းနှင့် ပြည်သူများသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့သည်။

အလားတူ မေ ၂၈ ရက်တွင် စစ်ကိုင်းမြို့၌ ဆန် ၂၄ ပြည်ပါ (ရွှေဝါထွန်း) သုံးအိတ်၊ စားအုန်းဆီ ၇၅ ပိဿာ၊ ဆား လေးပိဿာ၊ ကုလားပဲ ၁၀ ဘူး၊ ငါးပိ နှစ်ပိဿာ၊ ငါးနီတူခြောက် တစ်ပိဿာ၊ ပုစွန်ခြောက် ၁၀ ကျပ်သားပါ သုံးထုပ်၊ ကြက်ဥ ၇၅ လုံး၊ ဘဲဥအလုံး ၂၀၊ ကြက်သွန်နီ ရှစ်ပိဿာနှင့် အသားတုနှစ်ပိဿာတို့ကို သက်သာသော ဈေးနှုန်းများ ဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေးမြို့၌ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၁၅ အိတ်၊ စားအုန်းဆီ ပိဿာ ၂၂၀၀ ၊ ဆား ၅၀ ကျပ်သား၊ ကုလားပဲ ၂၅ ကျပ်သားပါတစ်ထုပ်၊ ငါးပိတစ်ပိဿာ၊ ငါးနီတူခြောက် ၁၀ ကျပ်သား သုံးထုပ်၊ အာပဲ့ ခြောက် ၁၀ ကျပ်သားလေးထုပ်၊ ကြက်ဥအလုံး ၂၆၆၀၊ ဘဲဥ ၆၁၅ လုံးနှင့် ခေါက်ဆွဲခြောက်ထုပ် ၄၀ တို့ကို သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်