Skip to main content

ဒုတိယဝန်ကြီး ဦးကိုကိုကျော် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov ကို လက်ခံတွေ့ဆုံ

နေပြည်တော် မေ ၂၈

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံက ၂၀၂၄-၂၀၂၇ ခုနှစ်အတွက် အာဆီယံ - ရုရှား ပူးပေါင်းဆောင်ရွက်မှုညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူစဉ်အတွင်း အာဆီယံ - ရုရှား မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန်အတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနှင့် ရုရှားနှစ်နိုင်ငံဆက်ဆံရေးအောက်မှ ဆောင်ရွက်နေသည့် စီမံကိန်းများ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်