နေပြည်တော် မေ ၂၆
လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဒေသအတွင်းလမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်စေရေး၊ နိုင်ငံတစ်ဝန်းရှိ ပြည်သူများ စိတ်အေးချမ်းသာစွာ ခရီးသွားလာနေမှုများကို မလိုလား၍ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်းနှင့် အကြမ်းဖက်လုပ်ရပ်အမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ် တညင်ပင်ကျေးရွာ ၏ အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာ ဘီးလင်း-နတ်ကြီးသွား ကားလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ်၊ ၁၆/၂ နှင့် ၃ အကြား အရှည် ပေ ၈၀၊ အကျယ် ၂၄ ပေရှိ သံကူကွန်ကရစ်အမျိုးအစား တံတားအမှတ်(၃/၁၇)အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်။ မိုင်းပေါက်ကွဲမှုဒဏ်ကြောင့် အဆိုပါသံကူကွန်ကရစ်တံတားမှာ တောင်ဘက်ကမ်းကပ်ခုံမှ ပြိုကျပျက်စီးခဲ့ပြီး လူနှင့်မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်မှုမရှိကြောင်းနှင့် ပျက်စီးသွားသည့်တံတားအား တာဝန်ရှိသူများက ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မိုင်းထောင်ဖောက်ခွဲမှုကြောင့် မော်တော်ယာဉ်များ၊ ဆေးရုံကားများ၊ ကျောင်းကားများ၊ ဈေးကားများသွားလာနိုင်မှုမရှိသဖြင့် ပြည်သူလူထုမှ ၎င်းတို့၏လုပ်ရပ်အပေါ် လွန်စွာရွံမုန်း လျက်ရှိကြောင်းသိရပြီး မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများကို လိုအပ်သည့်တုံ့ပြန်မှုများ ပြုလုပ်နိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်