နေပြည်တော် မေ ၂၄
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင် ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ မတ် ၃၀ ရက်မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၅၄ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မေ ၂၄ ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန်ခြောက်ပြည်ပါ (မနောသုခ- Export Quality) အိတ် ၄၀ ၊ ဆန် ငါးပြည်ပါ (ဖျာပုံပေါ်ဆန်း) အိတ် ၂၀ ၊ ဆီ ပိဿာ ၁၃၂၀ ၊ ဆား ရှစ် ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သား ပါအိတ် ၃၅ ထုပ်၊ ငါးပိ ငါးပိဿာ ၆၀ ကျပ်သား၊ ငါးတံခွန် ၁၀ ကျပ်သားပါ ၁၅ ထုပ်၊ ငါးပုတ်သင် ၁၀ ကျပ်သားပါ ၁၄ ထုပ်၊ ငါးနီတူ ခြောက် ၁၀ ကျပ်သားပါ ၁၆ ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သားပါ ၁၈ ထုတ်၊ ငါးရောင်ခြောက် ၁၀ ကျပ်သားပါ ၁၂ ထုပ်၊ ကြက်ဥ အလုံး ၃၀၀၊ ဘဲဥအလုံး ၆၀၊ ခေါက်ဆွဲခြောက် ၁၀ ထုပ်တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ထို့ပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းများစသည့် ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း ငလျင် ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ ဈေးကားကြီး (အရောင်းယာဉ်) ဖြင့် မေ ၅ ရက်မှစ၍ သက်သာသော ဈေးနှုန်းများ ဖြင့် လှည့်လည်ရောင်းချပေး လျက်ရှိကြောင်း သတင်းရရှိသည်။
အလားတူ ယနေ့တွင် စစ်ကိုင်းမြို့၌ ဆန် ၂၄ ပြည်ပါ(ရွှေဝါထွန်း) ၃ အိတ်၊ စားအုန်းဆီ ၇၅ ပိဿာ၊ ဆား ၃ ပိဿာ၊ ကုလားပဲ ၁၀ ဘူး၊ ငါးပိ ၁ ပိဿာ၊ ငါးနီတူခြောက် ၁ ပိဿာ၊ ပုစွန်ခြောက် ၁၀ ကျပ်သား ပါ ၃ ထုပ်၊ ကြက်ဥအလုံး ၆၀၊ ဘဲဥအလုံး ၂၀၊ ကြက်သွန်နီ ၅ ပိဿာနှင့် အသားတု ၂ ပိဿာတို့ ကို သက်သာသော ဈေးနှုန်းများ ဖြင့် ရောင်းချပေးခဲ့ပြီး ယနေ့တွင် မန္တလေးမြို့၌ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၁၆ အိတ်၊ စားအုန်းဆီ ပိဿာ ၂၂၀၀၊ ဆား ၁ ပိဿာ၊ ကုလားပဲ ၂၅ ကျပ်သားပါ ၄ ထုပ်၊ ငါးပိ ၂၅ ကျပ်သားပါ ၂ ထုပ်၊ ငါးနီ တူခြောက် ၁၀ ကျပ်သား ၂ ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သား ၃ ထုပ်၊ ကြက်ဥ အလုံး၂၃၆၀ ၊ ဘဲဥ အလုံး ၆၁၀ နှင့် ခေါက်ဆွဲခြောက် ၄၅ ထုပ်တို့ကို သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်